"ကို အမှားလုပ်မိသွားတာလား.. ကို့ကြောင့် ချစ်လေး ငိုနေရတာဆိုရင် ကို တောင်းပန်.."
သတိုးရဲ့ စကားမဆုံးလိုက်ပါ.. နူးညံ့လွန်းလှတဲ့ နှုတ်ခမ်းတစ်စုံက သတိုးပြောနေတဲ့ စကားတွေအားလုံးကို ဆွံ့အသွားအောင် ပြုစားလိုက်လေသည်။
သတိုးတစ်ယောက် မျက်လုံးတွေ ဝိုင်းစက်သွားပြီး သူ့နှုတ်ခမ်းကို မျက်လုံးလေးတွေမှိတ်ကာ လာနမ်းတဲ့ ကောင်မလေးကို ကြောင်အစွာနဲ့ပဲ ကြည့်နေမိသည်။
ရင်ခုန်သံတွေကတော့ ရုတ်တရက် ဒုန်းစိုင်းကုန်ပြီး အသက်ရှုရပ်တော့မတတ်။
ခဏလောက် သူ့နှုတ်ခမ်းကို လာထိရုံထိပြီး အနမ်းပေးနေတဲ့ ကောင်မလေးက သူမရဲ့ မျက်လုံးလေးတွေ ပြန်ဖွင့်လာပြီး သတိုးကို တစ်ချက်မျှကြည့်ကာ အခုမှ အရှက်သည်းပြီး ခေါင်းငုံ့သွားလေသည်။
"အဟင်း"
သတိုးရဲ့ နှုတ်ခမ်းတို့ အနည်းငယ် ပြုံးသွားပြီး ရင်ခွင်ထဲမှာ ခေါင်းလေး ဝှက်ပြီး ရှက်နေတဲ့ အသည်းပေါက်လေးကို စချင်စိတ်က တားမရ။
"အဟင်း.. ဒါက ဘာလုပ်တာလဲ.. ပြော.. လုပ်ချင်တာလုပ်ပြီးမှ အဲ့လို မသိချင်ယောင်ဆောင်လို့ ရမလား.. ဟင်"
ပြောလည်းပြော သူမရဲ့ မေးစေ့လေးကို အသာအယာလေး ပင့်တင်ပြီး သူမရဲ့မျက်လုံးတွေထဲကနေ အဖြေရှာဖို့ ကြိုးစားမိသည်။
သူမလေးရဲ့ ပါးမို့မို့လေး နှစ်ဖက်က မက်မွန်သီးလေးလို ရဲနေပြီး သူမက မျက်နှာငယ်လေးနဲ့ သူ့ကို မော့ကြည့်လေသည်။
"ဘာလုပ်တာလဲလို့ ပြောလေ.. အခု ချစ်လေး လုပ်လိုက်တာ ကို့ရင်ခုန်သံတွေ ကိုယ်ထိန်းမရတော့ဘူး.. ကို့နှလုံးသားတွေ
အပြင်ခုန်ထွက်လာမလားလို့တောင် ထင်ရတယ်.. ချစ်လေးကြားတယ်မလား.. ကို့ရင်ခုန်သံတွေကို.. ဟင်"သူ့ရဲ့ ပြုံးဖြီးဖြီးနဲ့ ပြောတဲ့စကားအဆုံးမှာ သူမရဲ့ မျက်ဝန်းတွေက မျက်ရည်တချို့ စီးကျလာခဲ့သည်။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romansaနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner