အပိုင်း (၃၄)

5K 74 4
                                        

နဖူးပေါ်က အေးစက်စက် ခံစားမှုတစ်ခုနဲ့အတူ သတိုး နိုးလာခဲ့သည်။

နဖူးပေါ်က အရာကို ယူကြည့်လိုက်တော့ ရေပတ်ဝတ်အသေးလေး။

အနည်းငယ်ထိုးကိုက်နေတဲ့ ခေါင်းနဲ့ မကြည်မလင်ဖြစ်နေတဲ့ စိတ်တွေက မနေ့က အဖြစ်အပျက်တွေကို ပြန်စဉ်းစားနေမိသည်။

"ဟူးးး"

သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်ပြီး ဘေးကို ခေါင်းစောင်းလိုက်တော့ သူ့နဘေး ကြမ်းပြင်ပေါ်တွင် ကွေးကွေးလေး အိပ်ပျော်နေတဲ့ သူမ။

ထိုအခါမှ အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တော့ သူက ကုတင်ပေါ်မှာ မဟုတ်ပဲ ကုတင်အောက်က ကြမ်းပြင်ပေါ်မှာ မွေ့ရာလေးတစ်ခုပေါ် အိပ်နေတာပဲ.. သူမကတော့ သူ့ဘေးက ကြမ်းပြင်မှာ။

ဘာတွေဖြစ်ခဲ့တာလဲ။

"ဟေ့.. ဟေ့.. နှင်းမြူ"

"..."

မြူ မျက်လုံးဖွင့်ကြည့်တော့ မြူ့ကို ကြည့်နေတဲ့သူ..။

မြူ့လက်တွေက သူ့နဖူးပေါ်ရောက်သွားပြီး စမ်းကြည့်လိုက်သည်.. ပြီးတော့ မြူ့ နဖူးမြူ ပြန်စမ်းကြည့်သည်။

အင်း.. ဒီလောက်ဆို အဖျားကျပါပြီ။

မျက်စိရှေ့က ကောင်မလေးက မျက်လုံးဖွင့်လာတာနဲ့ သူ့နဖူးကို လာစမ်းလေသည်.. ပြီးတော့ သူမနဖူး သူမစမ်းကြည့်ပြန်သည် ပြီးတော့ ခေါင်းတွေ တငြိမ့်ငြိမ့်နဲ့..။

"ဟက်"

သူ ရယ်မိသည်။

[ဟင်]

မျက်လုံးတွေ ပြူးဝိုင်းပြီး သူ့ကို ကြည့်နေတဲ့ ကောင်မလေးကို..

"ကဲ.. မနေ့က ဘာတွေဖြစ်တာလဲ.. ငါကရော ဘယ်လိုဖြစ်ပြီး ကုတင်အောက်ရောက်နေတာလဲ.. မင်းကရော ဒီမှာ ဘာလို့ ကွေးကွေးလေး အိပ်နေတာလဲ ပြောပါဦး.."

"....."

သူ ပြောလိုက်တာနဲ့ မျက်နှာလေး ရှုံ့မဲ့ပြီး ခြေဟန်လက်ဟန်တွေနဲ့ ရန်တွေတွေ့ပြီး ပြောနေတဲ့ ကောင်မလေးကို သတိုးကြည့်နေရင်း ရယ်မိသည်။

"ခဏလေး.. ခဏလေး.. မင်း ပြောတာတွေ ကိုယ် နားမလည်ဘူးလေ.. စာရေးပြမှ သိမှာပေါ့"

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now