အပိုင်း (၃၇)

1.8K 33 0
                                    

"ညီမနာမည်က သက်လျာပါ.. ဟိုတလောက ကိုသတိုးနဲ့ နယ်မှာ ကားရိုက်အတူတူသွားခဲ့တဲ့သူပေါ့"

"..."

မြူ့ကို လာနှုတ်ဆက်နေတဲ့ ငယ်ရွယ်ပြီး ချောမောလှပတဲ့ မင်းသမီးဆိုသူ အမျိုးသမီးလေးကို ပြန်လည် ပြုံးပြနှုတ်ဆက်လိုက်သည်။

"ဒီမှာ ခဏထိုင်မယ်နော်"

ပြောပြီး သူမက ဟိုလူရဲ့ ထိုင်ခုံနေရာမှာ ဝင်ထိုင်လေသည်။

"မမက အရမ်းလှတာပဲနော်.. အဲဒါတောင် ကိုသတိုးက မမကို ဒီအသိုင်းအဝိုင်းထဲ ဝင်ဆန့်အောင်မထားဘူး"

"..."

မြူ ပြုံးရုံလေးသာ ပြုံးပြလိုက်သည်။

"မမသိလား.. ကိုသတိုးက အလုပ်မှာတော့ အရမ်းတော်၊ အရမ်းအားကိုးရဲ့ senior တစ်ယောက်ပဲ.. သူနဲ့ကားရိုက်ခွင့်ရတာ သက်လျာအတွက်တော့ တကယ့်ကို ကံကောင်းခြင်း.. နောက်ပြီး သက်လျာကိုလည်း အရမ်းဂရုစိုက်တာ.. သက်လျာကလည်း ကိုယ့်စီနီယာကို ဂရုစိုက်ပါတယ်.. အဟင်း.. ဟင်း"

"ဒီတစ်ခါကားရိုက်သွားတုန်းကဆို ကားရိုက်ပြီးပြန်လာတဲ့ ညနေပိုင်းတွေ အကိုတစ်ယောက်ထဲဖြစ်နေမှာစိုးလို့ သက်လျာက ...."

"သက်လျာက နှင်းမြူနဲ့စကားကောင်းနေတာလား.. ပြန်မိတ်ဆက်ပေးရဦးမယ်.. ဒါ အစ်ကို့ ဇနီး နှင်းမြူ.. နှင်းမြူကလည်း အစ်ကိုတို့လို အနုပညာရှင်တစ်ယောက်ပဲ.. သူကတော့ ပန်းချီဆွဲတာပေါ့"

ဟိုတယ်မှာတုန်းက အဆင်ပြေခါနီးမှ သူမကို ဂရုမစိုက်တော့ပဲ ပစ်ထားခဲ့တဲ့ သတိုးကို မကျေနပ်လို့ သူ့မိန်းမနဲ့ ရန်တိုက်ပေးမလို့ပါဆို ဒင်းက ရောက်ချလာပြီး စကားဝိုင်းကို ဖျက်လိုက်သဖြင့် သက်လျာစိတ်ထဲ မကျေမနပ်ဖြစ်သွားရသည်။

"အော် ဟုတ်လား.. အခါအခွင့်သင့်ရင် သက်လျာလည်း မမရဲ့ပန်းချီကားတွေ ကြည့်ခွင့်ရချင်ပါတယ်.. အခုတော့ သက်လျာကိုခွင့်ပြုဦးနော် တခြားသူတွေ လိုက်နှုတ်ဆက်လိုက်ဦးမယ်"

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now