အပိုင်း (၃၀)

1.8K 28 3
                                    

ဖြန်းးး

ရုတ်တရက် ရိုက်ခံလိုက်တဲ့ သတိုး.. သူ့ရဲ့ဒေါသတွေက အဆုံးစွန်သို့ ရောက်သွားခဲ့ပြီ..။

"ဟာ.... မင်း.."

သတိုး မျက်လုံးထဲ ဘာမှ မမြင်တော့ပေ.. သူ့ကို ပါးရိုက်လိုက်ပြီး စူးရဲတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတဲ့ သူမရဲ့နှုတ်ခမ်းတွေကို ဆွဲယူ နမ်းရှိုက်လိုက်တော့သည်..။

"..."

သူ့ရင်ဘတ်ကို အတင်းထုရိုက်ပြီး ရုန်းကန်နေတဲ့ သူမကို ပိုတိုးပြီး နမ်းရှိုက်မိနေသည်.. သူမက ရုန်းလေ သူက ပိုပြီး ပြင်းပြတဲ့ အနမ်းတွေပေးလေ ဖြစ်သည်..။

သူမဖက်က ရုန်းကန်မှုတွေ ရပ်တန့်သွားတော့မှ သူ လွှတ်ပေးလိုက်သည်။

"..."

သူ့ဖက်က လွှတ်ပေးလိုက်တာနှင့် လက်တစ်ဖက် မြောက်တက်သွားပြီး သူမက သူ့ကို နောက်ထပ်တစ်ကြိမ် ထပ်ရိုက်ဖို့ ကြိုးစားတော့သည်။

မြောက်တက်လာတဲ့ လက်ကို ဖမ်းကိုင်ကာ သူမနဲ့ မျက်လုံးချင်း ဆုံအောင် ကြည့်ပြီး..

"မင်း ထပ်ရိုက်ချင် ရိုက်လို့ရတယ်နော်.. အေး ဒီတစ်ခါဆိုရင်တော့ ငါ ပြန်လွှတ်ပေးလိမ့်မယ် မထင်နဲ့.. မင်း သတ္တိရှိတယ်ဆိုရင် ရိုက်လိုက်"

ပြောပြီး သူ့ပါးတစ်ဖက်ကို ရှေ့တိုးပေးလာတဲ့ လူကို မြူ နာကျည်းမုန်းတီးစွာ ကြည့်ပြီး တွန်းထုတ်ကာ အခန်းထဲ ဝင်လာခဲ့သည်။

သူမရဲ့ ပထမဆုံး အနမ်းကို ဒီလို လူ့အရိုင်းအစိုင်း ငါတကော ကောနေတဲ့ လူ့အတ္တဆီမှာ လုယူခြင်း ခံလိုက်ရတာ မြူ ရင်နာလို့မဆုံးပေ။

အမြဲတမ်း မြူ့ကိုဆို အထင်သေး နှိမ့်ချတတ်တဲ့ ဒီလူက အခုလည်း မြူ့ကို ထပ်ပြီး စော်ကားပြန်ပြီ.. အဲ့လောက်ထိ အထင်သေး အမြင်သေး ဖြစ်နေခဲ့သေးရင် သူ မြူ့ကို ဘာလို့ လက်ထပ်ခဲ့သေးလဲ။

ဒီလူကို မြူ သိပ်မုန်းသည်။
....

သတိုးရဲ့ လက်တွေက သူမကို နမ်းရှိုက်ခဲ့တဲ့ သူ့ရဲ့နှုတ်ခမ်းဖျားတွေ ပေါ်မှာ..

ရုတ်တရက်အရိုက်ခံလိုက်ရလို့ ဒေါသထွက်ပြီး နမ်းလိုက်တာပေမယ့် သူမကို နမ်းရှိုက်မိတဲ့ ခဏမှာတော့ သူ့ရင်ထဲ ခံစားချက်တွေ ဗြောင်းဆန်ကုန်တာ သူသာသိသည်။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now