အပိုင်း (၃၁)

1.7K 29 0
                                    

အခုချိန်မှာ သတိုး ခေါင်းထဲမှာရှိနေတာ သူမ ဘယ်ရောက်နေတာလဲ..။

သူ့ဦးလေးအိမ်ကလွဲပြီး တခြားသွားစရာ သူငယ်ချင်းအိမ်တွေ ရှိနေလားဆိုတာလည်း သူမသိ..။

မင်းအခု ဘယ်ရောက်နေလဲကွာ.. ဒါမှမဟုတ် ဟိုလူ့ဆီကို ရောက်နေမလား..။

အဲလိုတွေးလိုက်မိတဲ့ခဏ သူ ဘာလုပ်ရမှန်းကို မသိတော့။

ဖုန်းတွေ ထပ်ခေါ်ကြည့်လည်း မကိုင်ပေ။

ရန်ကုန်မြို့အနှံ့ ခြေဦးတည့်ရာ ကားတစ်စီးဖြင့်သာ လျှောက်ရှာနေပေမယ့်လည်း အချိန်ကုန်တာပဲရှိသည်.. သူမကိုက ရှာမတွေ့..။

........

ညက ဟိုလူရဲ့ နိုင်ထက်စီးနင်းအပြောအဆို အပြုအမူတွေကြောင့် မြူ ရှက်လည်းရှက် ဒေါသလည်း ထွက်ရလွန်းလို့ တစ်ညလုံး အိပ်မပျော်ပါ။

မနက်အစောကြီးထပြီး မြူ အိမ်ကိုပြန်လာခဲ့သည်.. လေးလေးတို့ဆီသွားရင် လေးလေးတို့ စိတ်မကောင်းဖြစ်နေမှာ စိုးလို့ ဖေဖေ၊မေမေတို့နဲ့ အတူတူ နေခဲ့တဲ့ ဒီအိမ်လေးကို မြူ ပြန်လာခဲ့သည်။

ဖေဖေနဲ့မေမေကို သတိရတိုင်း မြူ ဒီအိမ်လေးကို အမြဲတမ်း ပြန်လာဖြစ်သည်.. ခါတိုင်းတော့ လေးလေး မဟုတ်ရင် ခက်ခက် တစ်ယောက်ယောက်က လိုက်ပို့ပေးလေ့ရှိသည်။

အခုတော့ မြူ တစ်ယောက်ထဲ ရောက်လာခဲ့ပြီ။

"ဖေဖေနဲ့မေမေ မြူလေ အသက်ရှင်ရတာ အရမ်းပင်ပန်းတာပဲ.. ဖေဖေနဲ့မေမေ မြူ့ကို ဘာလို့ တစ်ခါထဲခေါ်မသွားခဲ့ကြတာလဲ.. မြူ ဒီဘဝကြီးမှာ နေမပျော်ဘူး"

"လေးလေးတို့ မြူ့ကို ချစ်ပေးကြပေမယ့်လည်း မြူ ဖေဖေနဲ့မေမေကို သတိရတယ်.. ဒီလိုစကားကြားရင် လေးလေး စိတ်မကောင်းမှာ သိပေမယ့် မြူ တကယ်ကို အသက်ရှင်ရတာ မပျော်ဘူး.. မြူ့အတွက် အရမ်း ပင်ပန်းခက်ခဲတယ်လို့ ခံစားနေရတယ်"

"မြူ ဘာလုပ်ရမလဲ.. သမီး ဘာလုပ်ရမလဲ ဖေဖေနဲ့မေမေ.. အဟင့်.. ဟင့်"

....

"နှင်းမြူ.. သမီးလေး.. နှင်းမြူ ရောက်နေတာလား"

မြူ ဖေဖေနဲ့ မေမေတို့ရဲ့ အခန်းထဲမှာ ငိုနေစဉ် အပြင်က အသံကြားလို့ ထွက်ကြည့်လိုက်တော့ ဘေးအိမ်က အန်တီဝေ ရောက်နေတာ ဖြစ်သည်။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now