ရပ်ကွက်စျေးလေးပေမယ့် စျေးသည်တွေစုံတော့ စျေးဝယ်ရ အဆင်ပြေလေသည်.. မြူတစ်ယောက် စိတ်ကြိုက် စျေးပတ်ဝယ်ပြီး စျေးလေးကနေ ပြန်ထွက်ခဲ့သည်။
"မမ.. လှလိုက်တာဗျာ.. ဆံပင်တွေ အရှည်ကြီးနဲ့ သိပ်လှတာပဲ"
"မမ ကျွန်တော် စျေးခြင်းတောင်းဆွဲပေးရမလား.. မမလက်လေးတွေ နာနေမှာစိုးလို့ပါ"
Condoဖက်ကို ပြန်တဲ့လမ်းအတိုင်း ပြန်လာစဉ် စျေးထိပ် လ္ဘက်ရည်ဆိုင်အတွင်းမှ ကောင်လေး ၃ယောက်က မြူ့အနောက်က လိုက်လာလေသည်။
မြူ ဒီအခြေအနေကို ဘာလုပ်ရမှန်းမသိ.. ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်းမသိ.. ခပ်သွက်သွက်လေး ခြေလှမ်းလှမ်းပြီး အပြေးတစ်ပိုင်းလေး အမြန်ပြန်လာခဲ့သည်။
"ဟေ့ကောင်တွေ မင်းတို့ကလည်း သိပ်မစပါနဲ့ကွာ... ငါ့ မမ ရှက်နေပြီကွ"
ကောင်လေး၃ယောက်ကလည်း မြူ့နောက်ကို ထပ်ကျပ်မကွာ လိုက်လာလေသည်။
မြူ လမ်းလျှောက်ရတာ ခြေထောက်တွေတောင် တုန်ယင်လာသလို အခုက လူနေရပ်ကွက်မို့ လူအသွားအလာရှိနေပေမယ့် ဟိုဖက်ရောက်ရင် လူပြတ်ပြီ.. သူတို့ ဆက်လိုက်လာရင် မြူ ဘယ်လိုလုပ်ရမလဲ။
ထိုစဉ်
ကျွီ....
ဘေးနားကို ကားတစ်စီးထိုးလာရပ်ပြီး ထိုကားပေါ်က လူတစ်ယောက်ဆင်းလာလေသည်..။
ထိုလူက မြူ့လက်ကို လက်ကောက်ဝတ်ကနေ လှမ်းဆွဲပြီး..
"ဒီမှာ ငါ့ညီတို့က အကို့အမျိုးသမီးနဲ့ ဘာကိစ္စရှိလို့လဲ"
"ဟို.. ဘာမှ မရှိပါဘူး.. ကျွန်တော်တို့က ရှေ့နားမှာ လူပြတ်တော့ လိုက်ပို့ပေးမလို့ပါ"
"အဲ့လိုဆိုရင်တော့ မလိုတော့ဘူးနော်.. အကို သူ့ကိုခေါ်သွားလိုက်မှာမို့"
"ဟုတ်..ဟုတ်ကဲ့ ကျွန်တော်တို့ကို ခွင့်ပြုပါဦး"
ကောင်လေး၃ယောက်က သတိုးကိုမြင်တာနဲ့ ရှိန်ပြီး လစ်ပြေးတော့သည်။
"လာ.. မင်း ကားပေါ်တက်"
ကြောင်တောင်တောင်နဲ့သူ့ကို ကြည့်နေတဲ့ အဲ့ဒီ့မိန်းကလေးကို သူကားထဲထည့်လိုက်သည်.. ဘယ်လိုမိန်းကလေးလဲ.. ဒီလိုအခြေအနေကို သူ ဘာများမှတ်နေလဲ..။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Roman d'amourနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner