အပိုင်း (၄၈)

1.5K 26 2
                                    

အမောတကောပြေးဝင်လာတဲ့ သူငယ်ချင်း တေဇကို မြင်တာနှင့်...

"ဟေ့ကောင် ပြောရဦးမယ်.. မင်းတို့ရဲ့ ရေချိုးခန်းက...."

"နှင်းမြူ ရေကူးကန်ထဲ ပြုတ်ကျသွားတယ်!"

"ဘာ!!!!!!"

တေဇရဲ့ စကားက သတိုးခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလို..

ရေကူးကန်ဖက်ကိုကြည့်လိုက်တော့ ရေပြင်က ငြိမ်သက်နေလေသည်.. ရုန်းကန်လှုပ်ရှားမှု တစ်ခုတစ်လေမှ မတွေ့ရ။

အဲ့ဒါဆို မြူ.. မြူက...

ဝုန်း......

စက္ကန့်ပိုင်းလေးပါပဲ.. သူ့ရဲ့အတွေးနဲ့ သူရေထဲခုန်ချလိုက်တဲ့ခဏ.. ဒါပေမယ့် အရာအားလုံးက နောက်ကျနေတယ်လို့ သူဘာလို့ ခံစားနေရတာလဲ။

ရေထဲမှာ အသည်းအသန်လိုက်ရှာမိတဲ့အခါ ရေကူးကန်အောက်ခြေမှာ ငြိမ်သက်နေတဲ့ သူမကိုတွေ့လိုက်ရလေသည်။

အမြန်ဆုံးအလျှင်နှုန်းနဲ့ သူမဆီကူးခတ်သွားလိုက်တော့ သူမက သတိမရှိတော့ပေ.. သူမကိုဆယ်ယူကာ ရေကူးကန်ပေါ်သို့တင်ပေးလိုက်လျှင် ရေကူးကန်ဘောင်ပေါ်က တေဇက လှမ်းပြီးမ,ယူပေးသည်.. သတိုးက ချက်ချင်းရေကူးကန်ဘောင်ပေါ်တက်လိုက်ပြီး သတိမရှိတော့တဲ့ သူမကို ရှေးဦးသူနာပြုနည်းတွေနဲ့ ရေတွေပြန်အန်ထွက်ပြီး သတိဝင်လာအောင် ကြိုးစားနေသည်။

"ချစ်လေး.. သတိပြန်ရပါတော့.. ကို့ကို ဒီလို မကြည်စားပါနဲ့ကွာ.. ကို တောင်းပန်ပါတယ်.. ချစ်လေးအတွက် ကို လုပ်ပေးရမယ့်ဟာတွေ အများကြီး ကျန်သေးတယ်လေ.. ကိုတို့ရဲ့ ဘဝခရီးကို အချစ်တွေနဲ့ အခုမှစလျှောက်မှာလေ.. ကို့ကို မထားခဲ့ပါနဲ့နော်.. ကို တောင်းပန်ပါတယ်"

ဒီစကားတွေကို စိတ်ထဲက ရေရွတ်နေရင်းနဲ့ မျက်ရည်တွေ စီးကျနေမိကာ သူမ သတိပြန်ရလာဖို့ အတတ်နိုင်ဆုံးကြိုးစားမိနေသည်။

"ညီညီ ရော့.. ကားသော့ယူသွား.. အစ်ကို့ကားအဆင်သင့်ထုတ်ထားလိုက်!"

တေဇတစ်ယောက်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကြောင်,အနေမိရာက မိမိဝန်ထမ်းကို ကားသော့လှမ်းပေးရင်းပြောလိုက်လေသည်။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now