အပိုင်း (၁၈)

1.5K 25 2
                                    

လေးလေးတို့ သွားတာ ဒီနေ့ဆို ၃ရက်ရှိပြီ.. နောက်၂ရက်နေရင် ပြန်ရောက်မည်တဲ့.. ညက ညီမလေးခက်ခက်ပို့ပေးတဲ့ message အရတော့ အန်တီသူဇာက အရိုးပွတဲ့ ဒဏ်ကြောင့် ခါးနာခြင်းဖြစ်ပြီး ကျောက်ကပ်က အခြေအနေကောင်းတယ်ဆိုလို့ စိတ်အေးရပြီ။

မမမြတ်လည်း မနက်ထဲက အလုပ်သွားတာမို့ မြူ အိမ်အလုပ်လုပ်ပြီး ပန်းချီဆွဲနေလိုက်တာ နေ့လည်တောင် ရောက်သွားပြီ.. မမမြတ်ကတော့ ဒီနေ့ည ဟိုတယ်မှာ ပွဲရှိလို့ အိမ်အပြန် နောက်ကျမယ် ပြောသွားသည်။

ကိစ္စမရှိပါဘူး.. မြူ တစ်ယောက်ထဲလည်း နေလို့အဆင်ပြေပါသည်.. ကိုကိုကလည်း ဖျာပုံကို ခရီးထွက်သွားတာ ကြာပြီ.. ဒီတစ်ခေါက် ရွာတွေဖက်ပါဆင်းပြီးသွားရမှာမို့ နောက်တစ်ပတ်လောက်အထိ ကြာဦးမည်လို့ ပြောသွားလေသည်.. ဒီတစ်ခါ ပြန်လာရင်တော့ ရွှေတိဂုံဘုရားလိုက်ပို့ပေးဖို့ ကိုကို့ကိုပြောထားသည်.. ကိုကိုနဲ့မြူ ဘုရား တစ်ခါမှ မသွားဖူးဘူးမလား။

"Flash" "Flash"

မြူအတွေးတွေများနေတုန်းမှာပဲ ဖုန်းက flashမီးလေး လင်းသွားသည်.. ညီမလေး ခက်ခက်များ message ပို့တာလား။

"နှင်းမြူ.. မမြတ် စားပွဲပေါ်မှာ အရေးကြီး fileတစ်ခု ကျန်ခဲ့လို့ ဟိုတယ်ကို ယူလာပေးလို့ အဆင်ပြေမလားဟင်.. ဒီနေ့ညပွဲအတွက် seating planတွေဆွဲထားတဲ့ စာရွက်နဲ့ VIP guest list က အဲ့fileထဲမှာမို့ အရေးကြီးလို့ပါ.. မမြတ် အိမ်ပြန်လာယူဖို့ အချိန်မမှီတော့လို့"

မမမြတ်ဆီက message ပါလား.. ထူးထူးဆန်းဆန်း မမမြတ်က အကူအညီတောင်းတာမို့ မြူငြင်းလို့မဖြစ်ပါ.. ပြီးတော့ seating planတွေ နဲ့ VIP list မရရင် မမမြတ်အတွက် ပြဿနာဖြစ်လိမ့်မည်။

ဟိုတစ်ခါ မမမြတ်ဆုပေးပွဲကို လေးလေးတို့ မြူ့ကြောင့် မသွားဖြစ်တာနဲ့တင် မြူ မမမြတ်ကို အားနာလှပြီ.. ဒီတစ်ခါတော့ မြူတတ်နိုင်တာ မမမြတ်အတွက် လုပ်ပေးရမည်။

"ဟုတ်ကဲ့.. ရပါတယ်.. ဘယ်fileလဲဟင်"

"အစိမ်းရောင်fileလေးပဲ.. စားပွဲပေါ်မှာ အဲ့fileတစ်ခုပဲရှိတယ်.. နှင်းမြူ taxiငှါးလာလို့ အဆင်ပြေရဲ့လား.. Grabပဲ စီးလာခဲ့နော်.. တခြားtaxiတွေနဲ့ မလာခဲ့နဲ့"

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now