အပိုင်း (၂၄)

1.6K 24 0
                                    

"ဟေ့ကောင်.. မင်း မူးနေပြီ.. အခုထိ မပြန်သေးဘူးလား.. ဒီနေ့က မင်းတို့ မင်္ဂလာဦးညလေ.. မင်းကို နှင်းမြူ စောင့်နေမှာပေါ့"

မင်္ဂလာပွဲက ပြန်သွားပြီး ည ၇နာရီလောက်ကျ သူ့ကို အိမ်မှာ ဝင်ခေါ်ကာ barမှာ အရက်လာထိုင်သောက်နေသော သတို့သားအသစ်စက်စက် သူငယ်ချင်းဖြစ်သူ သတိုးကို ကြည့်ပြီး တေဇ အတင်းပြန်လွှတ်ဖို့ ကြိုးစားနေသည်။

မကြိုးစားလို့လည်းမရ.. မင်္ဂလာဦးည ညသန်းခေါင် ကျော်နေပြီကို အခုထိ မပြန်သေးတဲ့အပြင် အရက်ကလည်း တော်တော်မူးနေပြီ.. အခုပုံစံနဲ့တောင် အိမ်ကို ပြန်ရောက်ဖို့ သူကပြန်ပြီး ကားမောင်းပို့ပေးမှ ဖြစ်မှာ..။

"မင်္ဂလာဦးည.. ဟုတ်လား.. ဘာမင်္ဂလာဦးညမှ မဟုတ်ဘူး.. သူလည်း ငါ့ကိုမစောင့်နေဘူး.. ငါလည်း အိမ်ပြန်စရာမလိုဘူး.. အေးဆေး မင်းနဲ့ တစ်ညလုံးသောက်မှာ"

မူးမူးနဲ့ မျက်လုံးတောင် မဖွင့်နိုင်တော့တာကို တစ်ညလုံးက သောက်ဦးမယ်တဲ့..။

"တော် တော်.. ငါက ဘာကိစ္စ မင်းနဲ့ တစ်ညလုံးသောက်ရမှာလဲ.. မသောက်နိုင်ဘူး ဟေ့ကောင်.. မနက်ဖြန် ငါ့gymအတွက် စက်အသစ်တွေရောက်မှာ ငါအစောကြီး သွားစရာရှိတယ်ကွ.. လာပါကွာ ငါမင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်"

"ဪ မင်းက သူငယ်ချင်းထက် မင်းစက်တွေက အရေးကြီးတယ်ပေါ့ ဟုတ်လား.. အဲ့ဒါဆိုလည်း ပြန် ဟေ့ကောင်.. ငါ့ဖာသာ တစ်ယောက်ထဲ သောက်မယ်.. သွား"

"ဟာ.. ဟေ့ကောင်.. ထ..ထ"

သူ့ကိုသာ သွားလို့ ပြောပြီး ခုံပေါ်က ပြုတ်ကျသွားတာက ကိုယ်တိုင်ဖြစ်နေတဲ့ သတိုးကို ဆွဲထူပြီး ခုံပေါ် ပြန်တင်ပေးရသေးသည်။

ခွေးမသားက မူးရင်လည်း ပြန်မအိပ်ဘူး.. လာရစ်နေသေးတယ်.. ငါလေ မင်းနဲ့ အပေါင်းအသင်းကို မလုပ်ခဲ့သင့်တာ။

"အေးပါကွာ.. မင်း သိပ်သောက်ချင်နေရင်လည်း သောက်"

ကျန်နေတဲ့ လက်ကျန်ကုန်ရင်တော့ ဒီကောင်လည်း မှောက်လောက်ပါပြီ.. အဲ့ကျမှပဲ ကုန်းပိုးပြီး ပြန်ပို့ရမှာပဲ။

"မင်းစဉ်းစားကြည့်စမ်း တေဇ.. ဒီမိန်းမနဲ့ ငါ တစ်သက်လုံး အတူနေရတော့မှာ.. ငါ့ကို ဒင်းတို့ ညီအစ်မတွေ ပေါင်းပြီး အပိုင်ဖမ်းတာ ငါသိတယ်ကွာ.. ဒါပေမယ့် သိရက်နဲ့ ခံလိုက်ရတာ.. daddyကလည်း အဲ့မိန်းမကို အတင်းတွေ ယူခိုင်းနေ.. ငါနဲ့ ဘာမှလည်း မဆိုင်.. ဘာမှလည်း မဖြစ်ခဲ့ပဲနဲ့.. အဲ့ဒီမိန်းမတွေကလေ ယောက်ျားတစ်ယောက်ကို ရဖို့ ဒင်းတို့အတွက် အဲ့လောက်တောင် အရေးကြီးနေတာလား.. ဘာလို့ ကိုယ့်ဘဝနဲ့ ကိုယ်မနေပဲ.. ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်တွေ ငွေတွေနဲ့မှ သူတို့ကိုယ် သူတို့ အရောင်တင်ချင်ကြတာလဲ ဟင်"

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now