"မောနင်း ဒယ်ဒီ.. မောနင်း မာမီ"
ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်ရင်းနဲ့ Sweety ဒယ်ဒီနဲ့ မာမီကို နှုတ်ဆက်လိုက်ပြီး မုန့်တစ်ခုယူစားလိုက်သည်။
"Sweety သမီး အလုပ် လုပ်ရတာ အဆင်ပြေရဲ့လား.. အင်္ကျီတွေ ဖြန့်ဖို့ကိစ္စရော အခြေအနေ ဘယ်လိုဖြစ်နေပြီလဲ.. ဒယ်ဒီတို့ ဒီဇင်ဘာအမှီဖြန့်ချင်တာ မှီနိုင်ရဲ့လား သမီး.."
"အာ.. ဒယ်ဒီကလည်း မနက်စာလေးတော့ Sweety အလုပ်အကြောင်း မစဉ်းစားပဲ အေးဆေး စားပါရစေ.. အလုပ်ကိစ္စတွေက ကုမ္ပဏီရောက်မှ ဒယ်ဒီကို reportလာတင်မယ်.. နော်.."
Sweety ဒယ်ဒီ့ကုမ္ပဏီမှာ အလုပ်ဝင်တာ ၃လနီးပါးရှိပြီဖြစ်ပြီး အခုလည်း ဒယ်ဒီက မမနှင်းမြူရဲ့ ပန်းချီဒီဇိုင်းတွေနဲ့ထုတ်မယ့် အင်္ကျီကိစ္စ ပြောလာ၍ မာမီမသိခင် စကားစ ဖြတ်လိုက်တာဖြစ်သည်.. ကိုကိုနဲ့ မမနှင်းမြူအကြောင်းက မာမီ မသိလေကောင်းလေဖြစ်သည်။
Sweety အရင်က အလုပ်လုပ်ဖို့ မစဉ်းစားခဲ့ပေမယ့် တကယ်တမ်း ဒယ်ဒီ့ကုမ္ပဏီမှာ အလုပ်ဝင်တော့လည်း Sweetyအလုပ်လုပ်ရတာကို ပျော်လာသည်.. ဒယ်ဒီရော၊ ဒယ်ဒီ့အတွင်းရေးမှူး ကိုမျိုးရော၊ နောက် Marketing Manager ကိုကြီးထွန်းရော Sweetyကို အလုပ်သေချာ သင်ပေးကြပြီး Sweety ကိုယ်တိုင်ကလည်း သင်ယူထားတဲ့ ပညာရပ်ကို တကယ်လက်တွေ့ အသုံးချနေရတော့ တကယ်ပဲ ဒယ်ဒီ့အလုပ်တွေ စိတ်ဝင်စားလာသည်။
"အဟား.. အေးပါကွာ.. ဆောရီး ဆောရီး ဒယ်ဒီ့သမီးလေးရဲ့ မနက်စာ စားချိန်လေးကို မနှောင့်ယှက်တော့ပါဘူး.."
ဒယ်ဒီက ရယ်ပြီး Sweetyခေါင်းလေးကို ဖွဖွလေး ပုတ်ပေးတော့ Sweetyလည်း ရယ်မောပြီး မုန့်ဆက်စားနေလိုက်သည်.. ဒယ်ဒီတောင် သွေးမတော်သားမစပ်တဲ့ Sweetyကို ချစ်ပေးနေတာကို မာမီက ကိုကို့ကို ဘာလို့ မချစ်ပေးနိုင်ရတာလဲ လို့လည်း စဉ်းစားမိသွားသည်.. ကိုကိုနဲ့ မမကို မာမီ မကောင်းကြံတာကိုသာ ဒယ်ဒီသိသွားရင်ရော...
ဟူးးး.. အတွေးတွေနဲ့ပင် ရင်မောသွားမိသည်။
.......
လက်မောင်းပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်ပျော်နေတဲ့ သူမလေးရဲ့ မျက်နှာကို ကြည့်မိတော့ မျက်ခွံလေးနှစ်ဖက်က မို့မို့လေး ဖြစ်နေသေးလို့ စိတ်မကောင်း ဖြစ်သွားရသည်.. ထိုမျက်ခွံမို့မို့လေးတွေကို ခပ်ဖွဖွလေး တို့ထိလိုက်ပြီး ထိုမှတဆင့် နှာတံချွန်ချွန်လေး နောက်တော့ နှုတ်ခမ်းပါးလေးဆီ အကြည့်ရောက်သွားတော့ သူ့ရဲ့အချစ်ကြမ်းကြမ်းတွေကို သူမလေးက လက်ခံယူပေးတဲ့ သင်္ကေတအဖြစ် သူမရဲ့အောက်နှုတ်ခမ်းလေးရဲ့ နေရာတချို့မှာ ခြောက်သွေ့စပြုနေတဲ့ သွေးစလေးတွေ.. လက်မလေးနဲ့ပဲ ထိုနှုတ်ခမ်းလေးကို အသာအယာ ထိတွေ့လိုက်ပြီး သူမလေးမနိုးခင် မနက်စာ အရင်ပြင်ပေးဖို့ အိပ်ယာမှ ထလိုက်သည်..။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romansaနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner