အပိုင်း (၁၆)

1.7K 28 0
                                    

"အစ်မကြီး လောလောဆယ် သက်သာအောင် ကျွန်တော် ဆေးထိုးပေးခဲ့ပါတယ်.. သောက်ဆေးလည်း ပေးခဲ့မယ်"

"ဟုတ်ကဲ့ပါ ဒေါက်တာ.. ကျွန်တော့် အမျိုးသမီး မစိုးရိမ်ရဘူးမလား"

"အင်း.. လောလောဆယ်က အနာသက်သာအောင်တော့ လုပ်ပေးထားပါတယ်.. ကျွန်တော်ကတော့ medical check-up လုပ်ကြည့်စေချင်တယ်.. ခါးနာတာက ရိုးရိုးတန်းတန်းနာတာ ဖြစ်တတ်သလို ကျောက်ကပ်ကြောင့် နာတာမျိုးလည်း ဖြစ်တတ်လို့ သေချာသိရအောင်လို့ စစ်ကြည့်စေချင်တာပါ"

"စိတ်တော့ အရမ်းကြီးလည်း မပူကြပါနဲ့.. အသက်ကြီးလာရင် အမျိုးသမီးတွေက အရိုးပွ ပိုလွယ်တော့ အရိုးအဆစ် နာတာမျိုးလည်း ဖြစ်တတ်ပါတယ်.. အခု အခြေအနေအရတော့ မစိုးရိမ်ရပါဘူး.. ဒါပေမယ့် စစ်ကြည့်လိုက်တော့လည်း စိတ်ရှင်းသွားတာပေါ့ဗျာ"

"ဟုတ်ကဲ့ပါ.. ကျွန်တော်တို့ အမြန်ဆုံးစစ်လိုက်ပါ့မယ်"

"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး"

"ဟုတ်ကဲ့ပါ.. သမီးငယ် ဒေါက်တာကို လိုက်ပို့ လိုက်ဦး"

.

"ကဲ သူဇာ လောလောဆယ်တော့ အိမ်ကိစ္စတွေ ဘာမှ မလုပ်သေးနဲ့ဦး.. သမီးမြူနဲ့ပဲ လွှဲထားလိုက်.. ပြီးတော့ ရှေ့ ၂ပတ်လောက်နေရင် ကိုယ် ဘန်ကောက်ကို အလုပ်ကိစ္စ သွားစရာရှိတယ်.. သူဇာတစ်ခါထဲ လိုက်ခဲ့ပြီး medical check-upလုပ်လိုက်တော့ ဟုတ်ပြီလား"

"ဟုတ်ကဲ့ ကိုဇော် ကောင်းသလို စီစဉ်ပါ"

"အင်း.. အခုတော့ နားလိုက်ဦး"
............................

ဒီရက်တွေအတွင်း အန်တီသူဇာ အနည်းငယ် သက်သာလာသည်.. ဒါပေမယ့် အိမ်အလုပ်တွေကိုတော့ မြူ တာဝန်ယူထားပေးပြီး အန်တီသူဇာကို အနားယူခိုင်းထားသည်။

ငယ်ငယ်ကတည်းက အန်တီသူဇာ သင်ပေးထားလို့ အိမ်အလုပ်တွေက မြူ့အတွက် အခက်အခဲမရှိပါ။

ကိုယ်တိုင်ကလည်း ထမင်း၊ဟင်း ချက်ရတာ ဝါသနာပါသလို အိမ်သန့်ရှင်းရေး လုပ်ရတာလည်း စိတ်ပါဝင်စားသည်.. သန့်ရှင်းနေသော အိမ်လေးက စိတ်ကို ကြည်လင်စေသည် မဟုတ်ပါလား။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now