စားစရာတွေကို စားပွဲပေါ်တင်ပြီး သူမကို ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်သည်။
"ခဏလေးထိုင်ဦး.. ပြောစရာရှိတယ်.."
"..."
"နေ့လည်စာဝယ်လာပြီ မင်းချက်စရာမလိုတော့ဘူး.. နောက်ပြီး မနက်ဖြန်ကစပြီး အိမ်မှာ အကူကောင်မလေးတစ်ယောက် ရောက်လာလိမ့်မယ်.. စျေးသွားရင် သူနဲ့သွား.. ဒါပေမယ့် ဟိုဖက်ရပ်ကွက်ကစျေးတော့ မသွားရဘူး.. ဒီcondoဝန်းထိပ်မှာ city martရှိတယ်.. လိုတာအကုန် အဲ့ကပဲဝယ်.. ဟိုဖက်ရပ်ကွက်ထဲကို လုံးဝမသွားရဘူး.. နားလည်လား"
မြူ သူ့ကို အထူးအဆန်းလို ကြည့်နေမိသည်.. မနက်က လူကို ရစရာမရှိအောင် ပြောဆိုထားတာ သူမဟုတ်သလိုပဲ.. အခုကျ စကားကို အကောင်းတွေ ပြောနေပြန်သည်။
"နားလည်လားလို့ မေးနေတယ်လေ"
"..."
မြူ ခေါင်းညိမ့်ပြလိုက်သည်.. ပြီးတော့ ထိုင်ခုံကနေ ထမလို့ လုပ်တော့.."ဒါ ဘယ်သွားမလို့လဲ.. ဒီမှာ စားစရာတွေ ဝယ်လာတယ်.. ခဏလေး"
ပြောပြီး သူကိုယ်တိုင် စားစရာတွေ ထည့်နေလေသည်.. မြူ မနေနိုင်တော့ပဲ နေရာကနေ ထပြီး သူ့ကိုကူမလို့လုပ်တော့လည်း လက်မခံ။
"ထိုင်နေပါဆို.. ငါထည့်ပေးမယ်.. မင်းလက်နာနေတယ်မလား.. ဒီအတိုင်းနေ"
ထမင်းပွဲပြင်ပေးပြီး သူနဲ့မြူ အတူတူ ထမင်းလက်ဆုံစားဖြစ်သွားသည်.. ဒါပေမယ့် မြူ စားလို့မဝင်ပါ.. စားချင်စိတ်လည်း မရှိ.. မနက်ကပဲ ဒီလူနဲ့ပြဿနာတက်ထားတာ အခုလို တစ်စားပွဲထဲ ထမင်းထိုင်စားရတာ ဘယ်မှာ အရသာရှိပါ့မလဲ..။
မနေ့ကပဲ ကိုယ့်ဘဝနဲ့ကိုယ် နေကြမယ်ဆိုပြီး ပြောသည်.. မနက်ကကျတော့ တခြားယောက်ျားလေးတွေနဲ့တွေ့လို့တဲ့ စိတ်ဆိုးသည်.. အခုကျ သူမဟုတ်တော့ ပြန်သလို လုပ်နေသည်.. ဒီလူ စိတ်ရော မှန်ရဲ့လားမသိ။
"စားလေ.. ဘာလုပ်နေတာလဲ.. စားလို့မကောင်းဘူးလား"
မြူ စာရွက်နဲ့ဘောပင်ယူပြီး..
[တော်ပြီ.. မြူ ဗိုက်သိပ်မဆာဘူး.. ရှင့်ဖာသာပဲ ဆက်စားတော့.. ပန်းကန်တွေ ထားလိုက်ပါ.. ပြီးမှ မြူဆေးလိုက်မယ်]
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romantizmနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner