"သမီးလေး နှင်းမြူ.. လာ လာ.. အိမ်ထဲဝင်.. အန်တီသူဇာ ဒီနေ့ သမီးကြိုက်တတ်တဲ့ ကြက်သားလုံး ချိုချဉ်လေး ချက်ထားတယ်.. သမီးလေး ဗိုက်ဆာနေပြီလား"
"..."
အိမ်ထဲဝင်လာတဲ့ တူဝရီး၂ယောက်ကို ကြိုဆိုလိုက်သည်.. နှင်းမြူလေးကို ပခုံးလေးကနေကိုင်ပြီး အိမ်ထဲခေါ်လာရင်း သူစကားစလိုက်သည့်နောက် ခေါင်းလေးသာ ခပ်ဖြေးဖြေးခါပြတဲ့ သူမလေးကို ဧည့်ခန်းမှ ထိုင်ခုံမှာထိုင်စေလိုက်သည်.. အဆင်သင့်ဖျော်ထားသော ဖျော်ရည်ကို သူမလေးဆီသို့ ကမ်းပေးလိုက်ပြီး..
"ဗိုက်မဆာသေးရင် အအေးလေးသောက်ဦးနော် သမီး.. အန်တီသူဇာ ခဏနေ ထမင်းဝိုင်းပြင်ပေးမယ်"
ယောက်ျားဖက်က တူမလေးဆိုပေမယ့် ငယ်စဉ်ကတည်းက သွက်လက်ချက်ချာတဲ့ သူမလေးကို ကိုဇော်ရော သူရော အချစ်ပိုခဲ့ကြသည်.. သူမလေးကလည်း လေးလေးဇော်၊ တီတီသူဇာဆိုပြီး အမြဲတမ်း စကားတွေ လာလာပြောတတ်သည်မလား။
အခုတော့ ထိုကလေးမလေးရဲ့ဘဝ နေ့ချင်း ညချင်း ပြောင်းလဲခဲ့ပြီ.. မိဘမဲ့ဘဝရောက်ရသည့်အပြင် ထိတ်လန့်စရာအဖြစ်ဆိုးများကြောင့် ဆွံ့အတဲ့ဘဝကိုပါ အဆစ်ရရှိခဲ့သည့် ဒီကလေးကို သူတို့ စောင့်ရှောက်ပေးရမည်။
သူမလေး ရဲ့အရယ်အပြုံးတွေ အရင်လို ပြန်မြင်တွေ့နိုင်အောင် သူတို့ကြိုးစားရမည်.. ဒီကြောက်စရာ အဖြစ်ဆိုးကနေ ရုန်းထွက်နိုင်အောင် သူမတို့ ကယ်တင်ရမည်မလား..။
"သမီးတို့ရော.. ခေါ်ပါဦး"
ကိုဇော့်စကားသံကြောင့် အတွေးတို့ပြတ်တောက်သွားရသည်။
"သမီးငယ်က သူ့မမမြူကို စောင့်နေတာ.. ခုလေးပဲ အပေါ်ခဏတက်သွားတယ်.. သမီးကြီးကတော့ အခန်းထဲမှာ စာဖတ်နေတယ်နဲ့တူတယ်.. သူဇာ သွားခေါ်ပေးမယ်.. ခဏလေး"
...............................................................
"သမီးတို့ရေ ဖေဖေပြန်လာပြီ.. အောက်ဆင်းလာကြပါဦး.."
လှေခါးပေါ်တက်လာရင်းမှ သမီးတို့အခန်းဆီသို့ လှမ်းအော်ပြောလိုက်သည်။
"မေမေ မေမေ.. မမမြူရောပါလားဟင်"
သမီးငယ်လေးက အခန်းထဲမှ မြူးထူးစွာ ထွက်လာပြီး မေးလေသည်။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Любовные романыနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner
