အပိုင်း (၆၀)

1.8K 44 0
                                    

"မြူ.. ဘယ်တွေလျှောက်သွားနေတာလဲကွာ.. ကို လိုက်ရှာလိုက်ရတာ.. ချစ်လေး ပျောက်သွားတာ ကို ဘယ်လောက်တောင် လန့်သွားလဲ သိလား.."

သူမကို ရင်ခွင်ထဲ ဆွဲဖက်ထားရင်းကနေ စိတ်ပူနေတဲ့အကြောင်းတွေ ပြောနေမိသည်.. သူမကတော့ သူ့ရင်ခွင်ထဲမှာ ငြိမ်သက်နေလေသည်။

"ချစ်လေး.. အဆင်ပြေရဲ့လား.. ဘာဖြစ်နေတာလဲ.. ကို့ကိုပြော.."

သူမက သူ့မျက်နှာကို တစ်ချက်မော့ကြည့်ပြီး လက်ဟန်ခြေဟန်ဖြင့် ပြောပြတာကို ကြည့်ပြီး သူ ရင်ထဲထိတ်သွားမိသည်.. သူမပြောတာကို သူအဓိပ္ပါယ်ကောက်လွဲတာပဲ ဖြစ်မှာပါ။

"ချစ်လေး.. ကိုယ့်ကို ဖုန်းမှာ စာရိုက်ပြပေး.. ချစ်လေးပြောတာ ကို သေချာနားမလည်ဘူး"

အမှန်ပြောရရင် နားမလည်တာမဟုတ်.. သူထင်နေတာကို မဟုတ်စေချင်တာ.. သူအဓိပ္ပါယ်ကောက်တာပဲ လွဲစေချင်မိတာ..။

[မြူ့ကို ရေထဲတွန်းချခဲ့တဲ့သူကို တွေ့လိုက်လို့ လိုက်ရှာတာ]

သူ့ခေါင်းပေါ်ကို မိုးကြိုးပစ်ချလိုက်သလို အလန့်တကြား သူမ မျက်နှာကို ကြည့်မိတော့ ခေါင်းငြိမ့်ပြလေသည်.. သတိုး ချက်ချင်းပဲ သူမလက်ကို ဆွဲကာ ထိုနေရာကနေ အမြန်ဆုံးထွက်လာခဲ့မိသည်.. ဓါတ်လှေကားခလုတ်ကို နှိပ်ရင်းနဲ့ စိတ်တွေက မတည်ငြိမ်တော့.. အခုမှပဲ ဓါတ်လှေကားက ရောက်လာဖို့ အတော်လေးကြာနေသလို..။

ဓါတ်လှေကားတံခါးပွင့်တာနဲ့ အမြန်ဆုံးဝင်ပြီး car parking ရှိရာ basementခလုတ်ကို နှိပ်လိုက်သည်.. မြေအောက်ထပ်ရောက်တာနဲ့ ကားထဲဝင်ပြီး အမြန်ဆုံးပဲ ထိုအဆောက်အဦ၊ ထိုနေရာကနေ ထွက်လာခဲ့သည်..။

ယောက်ယက်ခတ်နေတဲ့ စိတ်အစဉ်နဲ့ ကားကို အရှိန်တင်မောင်းလာမိတာ သူမလေးက မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး seat beltကို လက်နှစ်ဖက်နဲ့ တင်းတင်းဆုတ်ကိုင်ထားတာ မြင်မှ သတိပြန်ဝင်ပြီး အရှိန်ပြန်လျှော့မိသည်.. သူ့စိတ်ထဲမှာ အဲဒီ့လူနဲ့ မြူ တွေ့မှာကို ကြောက်နေတာအပြင် ဘာတစ်ခုမှ မစဉ်းစားနိုင်ဖြစ်နေခဲ့တာ..။

တောက်လျှောက် စုံစမ်းနေပါလျှက်နဲ့ သူနဲ့ပတ်သတ်တဲ့ ဘာသတင်းတစ်ခုမှ မရပါပဲ အခုမှ ဒင်းက ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိ.. သူမကလည်း အကြောက်အလန့်မရှိ အဲ့လူနောက်ကိုတောင် လိုက်ပြီး လိုက်ရှာလိုက်သေးသည်တဲ့.. ဒီကောင်မလေးကလေ ဘာအန္တရာယ်ကိုမှ နားမလည်ဘူးလား.. စိုးရိမ်နေတဲ့ စိတ်တွေနဲ့အတူ သူမကိုလည်း စိတ်တို ဒေါသထွက်မိလာရသည်။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now