အပိုင်း (၆၅)

2K 38 2
                                    

ဒေါ်ငုဝါတစ်ယောက် စားသောက်ဆိုင် တစ်ခုရဲ့ သီးသန့်ခန်းထဲမှာ ထိုင်နေပြီး တအောင့်ကြာတော့ တံခါးခေါက်သံနဲ့အတူ လူတစ်ယောက်ဝင်လာပြီး သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လေသည်..။

"နင် အခု ဘယ်မှာနေနေလဲ တင့်စိုး.."

"ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ အတူနေနေပါတယ်.. မလေး ပြောထားလို့ ကျွန်တော် အိမ်ပြန်မနေပါဘူး.."

"ပိုက်ဆံရော သုံးစရာရှိသေးလား.."

"ဟို.. သူများအိမ်မှာနေရတာဆိုတော့ မငြိုငြင်ရအောင် ငွေလေးနည်းနည်းပေးထားရတော့ အသုံးတော့ နည်းနည်းကြပ်နေတယ် မလေး.."

"ငါ အခု နင့်ကိုခိုင်းဖို့ အလုပ်တစ်ခုရှိတယ်.. ခါတိုင်းထက်တော့ နည်းနည်းကြီးတယ်.. လုပ်ပေးပြီးရင်တော့ နင့်အတွက် မြိုးမြိုးမြတ်မြတ်နဲ့ မနစ်နာအောင် ငါပေးမယ်.. နင်လုပ်ပေးမလား.."

တင့်စိုးဆိုတာ ဒေါ်ငုဝါတို့ငယ်စဉ်ကတည်းက တစ်ခြံထဲ အတူတူနေခဲ့တဲ့ ဒေါ်ငုဝါတို့ ခြံစောင့်ရဲ့ သားဖြစ်သည်.. ငယ်စဉ်ကတည်းက ဒေါ်ငုဝါိကို ကြောက်ရတဲ့ ငယ်နိုင် လူတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကပင် လောင်းကစားဝါသနာပါသူမို့ ဒေါ်ငုဝါက ပိုက်ဆံပေးပြီး လက်တိုလက်တောင်း ခိုင်းတတ်တဲ့သူဖြစ်သည်..။

ဒေါ်ငုဝါတို့ စီးပွါးကျပြီး အိမ်ရောင်းလိုက်ရကတည်းက သူတို့သားအဖလည်း အခြားတစ်အိမ်ကို ပြောင်းသွားပြီး အဆက်အသွယ်ပြတ်ခဲ့ရာက ပြန်ဆုံကြတာ တစ်နှစ်လောက်သာရှိသေးသည်.. ထုံးစံအတိုင်း ဒေါ်ငုဝါက ငွေပေးခိုင်းတတ်တော့ အလုပ်ကလေးများရှိရင် သူ့ကိုဆက်သွယ်ပါဆိုပြီး ပြောထားလို့ နောက်ပိုင်း ကိစ္စတွေကို သူ့ကိုပဲ ခိုင်းနေရတာဖြစ်သည်..။

လောင်းကစားသမားဖြစ်နေတာရော၊ ငယ်နိုင် ဖြစ်နေတာရောကြောင့် ဒီတစ်ခါ သူခိုင်းချင်တဲ့အလုပ်ကို ငွေများများပုံပေးပြီး ခိုင်းရင် လက်ခံမှာ ကြိမ်းသေသည်..။

"ဟုတ်ကဲ့ မလေးပြောပါ..ကျွန်တော်လုပ်ပါ့မယ်.."

............

မြူ ညအိပ်ခါနီး မျက်နှာသစ်၊ သွားတိုက်၊ ခြေထောက်ဆေးပြီး ရေချိုးခန်းကနေ ထွက်လာတော့ ထုံးစံအတိုင်း ရေချိုးခန်းအဝမှာ အကိုက မျက်နှာသုတ်ပဝါလေး ကိုင်ပြီး စောင့်နေလေသည်.. ဒီလောက်ထိ ဂရုတစိုက်လုပ်ပေးဖို့ မလိုပါဘူးဆိုလည်းမရပေ..။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now