အပိုင်း (၆)

6.2K 104 0
                                        

ညီမလေးတို့ အိမ်ရှေ့မှာ ကားလေးရပ်ပြီး စတီယာတိုင်ပေါ် လက်နှစ်ဖက်တင်ကာ ကိုယ်ကိုမှီလိုက်ရင်း ခါတိုင်းလိုပဲ ညီမလေးကို မင်းသန့်လာကြည့်နေမိသည်။

ဆန်စက်ကိစ္စနဲ့ ခရီးထွက်လိုက်ရလို့ ညီမလေးရဲ့မျက်နှာလေး မမြင်ရတာ ၂ပတ်ကျော်သွားပြီ။

အသားမဖြူလွန်း၊ မညိုလွန်းပဲ ဝင်းဝါတဲ့ဖက်သွားတဲ့ အသားရောင်လေး၊ ဆံပင်ရှည်လေးနဲ့ ညီမလေးက ကလေးပုစိလေးကနေပြီး အခုတော့ အရွယ်ရောက်တဲ့ မိန်းမလှလေး ဖြစ်လာခဲ့ပြီ။

သူ ညီမလေးကို စသိခဲ့တာ သူ့အသက် (၁၅)နှစ်မှာဖြစ်သည်.. သူ့အသက် (၁၀)နှစ်အရွယ်တုန်းက အဖေက ယာဉ်တိုက်မှုနှင့် ထောင်ကျခဲ့သည်။

မည်သူတစ်ဦးတစ်ယောက်မှ မမှားယွင်းခဲ့ပဲ ကံဆိုးစွာဖြစ်ပျက်ခဲ့တဲ့ ထိုယာဉ်တိုက်မှုမှာ တစ်ဖက်က အရေးမယူခဲ့ပေမယ့် လူ၂ဦးသေဆုံးမှု ဖြစ်ခဲ့တဲ့အတွက် တရားဥပဒေအရ အရေးယူခြင်းခံခဲ့ရပြီး အဖေ ထောင်(၅)နှစ်ကျခဲ့သည်။

သူနဲ့အမေတို့ ဒုက္ခပင်လယ်ဝေခဲ့တဲ့ အချိန်တွေဖြစ်ခဲ့ရသည်။

၅နှစ်ကြာပြီး အဖေထောင်က ထွက်တော့ ယာဉ်တိုက်မှုမှာ သေဆုံးသွားတဲ့ တစ်ဖက်မိသားစုမှာ သမီးလေး တစ်ယောက်ကျန်ခဲ့သည်ဆိုပြီး ထိုကလေးရဲ့အကြောင်းတွေ စုံစမ်းကာရှာဖွေတော့သည်.. ဒီလိုနဲ့ ညီမလေး အကြောင်းတွေ သူတို့မိသားစုသိလာခဲ့သည်။

အမှန်တော့ အဖေ့ကို ထောင်ကျစေပြီး သူနဲ့အမေ့ကို ဒုက္ခရောက်စေခဲ့တဲ့ အဲ့ဒီ့မိသားစုကို ကလေးပီပီ သူ မုန်းခဲ့မိသည်.. ဒါပေမယ့် ညီမလေးရဲ့အကြောင်းတွေ သိပြီးနောက်မှာ သူ ညီမလေးကို သနားခဲ့ရသည်.. အဖေကလည်း ညီမလေးကို စောင့်ရှောက်ပေးဖို့ သူ့ကို အမြဲပြောပြနားချခဲ့သည်.. အဖေကိုယ်တိုင်ကတော့ ထောင်ထဲမှာ ရခဲ့တဲ့ အဆုတ်ရောဂါနဲ့ ထောင်ကထွက်ပြီး ၅နှစ်အကြာမှာ ဆုံးပါးသွားခဲ့သည်.. ညီမလေးကို စောင့်ရှောက်ရမယ့်တာဝန်က သူ့အပေါ်ကျရောက်လာခဲ့သည်။

အဲဒီ့အချိန်ကစလို့ သူ ညီမလေးကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ခြင်းဖြစ်သည်.. သူ့ရဲ့ဖြစ်တည်မှုကိုတော့ ညီမလေး မသိရှိခဲ့ပါ။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now