"ဟယ်လို ပြော.. Daddy"
"သတိုးး.. မင်းအခုချက်ချင်း အိမ်ကိုလာခဲ့စမ်း.. အဲ့မိန်းကလေးကိုပါ အခုခေါ်လာခဲ့"
ပြောပြီးတာနဲ့ Daddyက ချက်ချင်း ဖုန်းချသွားပြီ.. ဘာလဲကွာ.. ဒီမှာတောင် ဖြေရှင်းလို့ မပြီးသေးဘူး.. Daddyက ဘယ်လို သိသွားရပြန်တာတုန်း.. တကယ် စိတ်ရှုပ်စရာပဲ။
"တောက်... ကွာ..."
သူ တတိယအကြိမ် တောက်ခေါက်လိုက်တာပါ.. သူ့ကိုကြည့်ရတာ တော်တော် ဒေါသထွက်နေတဲ့ပုံ.. မမမြတ် ပြောနေတဲ့စကားတွေကို မြူသဘောမတူပေမယ့် မမမြတ်ပြောနေတာတွေက နည်းလမ်းကျနေတော့ ဘာမှငြင်းမရဖြစ်နေသည်.. ဒီအခြေအနေမှာ မမမြတ် အနားမှာရှိနေတာကို ကျေးဇူးတင်ရဦးမည်.. မြူကတော့ ရှက်တာက လွဲလို့ ဘာမှမသိတော့ပါ။
"ဒီမှာ မင်း.. ငါနဲ့အခုလိုက်ခဲ့"
"ရှင်.. ကျွန်မညီမကို ဘယ်ခေါ်သွားမလို့လဲ.. ဒီမှာ ပြောလို့ဆိုလို့ မပြီးသေးတာကို"
"အေး.. အဲ့ဒီ့ပြောလို့ဆိုလို့ မပြီးတဲ့ကိစ္စပဲ.. အခု ငါ့Daddyသိသွားပြီ.. အဲ့ဒါ ပြဿနာရှင်းဖို့ မင်း ညီမကို ငါခေါ်သွားမယ်"
ပြောပြီး မြူ့လက်ကို ထိုလူက အတင်းလာဆွဲတာမို့ မြူ အတင်းရုန်းပြီး မမမြတ် အနောက်မှာကွယ်နေလိုက်သည်။
"အဲ့ဒါတော့ ဘယ်ဖြစ်မလဲ.. ကျွန်မညီမကို ရှင်တို့မိသားစုက အတင်းအကျပ် ခြိမ်းခြောက်ပြီး ဘယ်လိုစကားတွေ ပြောမလဲဆိုတာမှ မသိရတာ.. နှင်းမြူကို ကျွန်မ မထည့်ပေးနိုင်ဘူး"
သူ့နာမည်က နှင်းမြူတဲ့လား.. သူ့အဖြစ်ကလည်း သူနဲ့ တစ်ကုတင်ထဲ အိပ်မိတဲ့ မိန်းကလေးရဲ့နာမည်ကို အခုမှ သိရတဲ့အဖြစ်.. ဟာ အဲ့ဒါတွေဘာလို့ စဉ်းစားနေတာလဲ.. သူလည်း ငါ့ကို အပိုင်ဖမ်းချင်နေတဲ့ မိန်းမတွေထဲက မိန်းမပဲကို.. လောလောဆယ် ဒီပြဿနာကို မြန်မြန်ရှင်းရမည်။
"မင်းစကားက စော်ကားလှချည်လား.. ငါတို့က ဘာကို ခြိမ်းခြောက်ရမှာလဲ.. ပြောရမယ်ဆို သူနဲ့ဘာမှတောင် ပြောနေစရာမလိုဘူး.. ဘာမှမဖြစ်ခဲ့တာ သူ အသိဆုံးပဲ.. ပြီးတော့ အခု ငါ့daddy က ခေါ်လာခိုင်းနေလို့သာ ခေါ်သွားရမှာ ငါ့စိတ်နဲ့ငါ့ကိုယ်ဆို ဘယ်မှ ခေါ်စရာအကြောင်းကို မရှိတာ.. အဲ့ဒီ့တော့ လိုက်မှာလား.. မလိုက်ဘူးလား.. မင်း ပြော.."
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romansaနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner