"ဒါကဘယ်လဲ Sweety"
အိမ် အပေါ်ထပ်ကနေ ဆင်းလာတဲ့ သမီးဖြစ်သူကို ဒေါ်ငုဝါ မေးလိုက်တာဖြစ်သည်..။
"ကုမ္ပဏီသွားဖို့လေ.. ဒယ်ဒီရော.."
"သမီးကို မာမီ ကုမ္ပဏီကို သွားစရာမလိုဘူးလို့ ပြောထားပြီးပြီမလား.."
"ဟာ.. မာမီကလည်း.. မာမီကျေနပ်အောင် မနေ့က Sweety မာမီဆွဲခေါ်လာတဲ့အတိုင်း အိမ်ပြန်လိုက်လာပေးပြီးပြီလေ.. ဒီနေ့တော့ သွားမယ်လေ မာမီရယ်.."
"သမီးကို အလုပ်မလုပ်ရတော့ဘူးဆိုတာ မနေ့ကတစ်ရက်တည်းအတွက် ပြောတာမဟုတ်ဘူး.. နောက်ဘယ်တော့မှ အလုပ်မလုပ်ရတော့ဘူးလို့ ပြောတာလေ.."
"မာမီကလည်း.. မာမီအထင်လွဲနေတာပါဆို.. Sweetyက ဘယ်သူ့ခိုင်းဖတ်မှလည်း မဟုတ်သလို.. ဘယ်သူ့အနှိမ်မှလည်း မခံရဘူး.. အောက်ခြေသိမ်းအလုပ်တွေပဲ လုပ်နေရတာလည်း မဟုတ်ပါဘူး.. Sweety အလုပ်လုပ်ရတာ တကယ်ပျော်လို့ပါ မာမီရယ်.. ဒီနေ့ဆို ပစ္စည်းအသစ် ဖြန့်မယ့်ရက်.. Sweetyတို့ marketingက ကြိုးစားထားတာလေး မြင်ရတော့မှာ.. Sweety အရမ်းကိုပျော်ပြီး စိတ်လှုပ်ရှားနေတာ.. သွားပါရစေ မာမီရယ် နော်.. ဒယ်ဒီမေးရင် Sweetyသွားပြီလို့ ပြောလိုက်နော်.. မာမီ့ကိုအရမ်းချစ်တယ်.. Mwah.."
ပြောပြီးတာနဲ့ Sweetyက အိမ်အပြင်ကို တစ်ခါတည်း ပြေးထွက်သွားလေသည်..။
"ဟဲ့.. မသွားနဲ့ဆို.. ဒီကောင်မလေး.."
ဒီကောင်မလေးကလေ အမေက သူပင်ပန်းမှာစိုးလို့ စေတနာနဲ့ ပြောနေတာကို.. တကယ်ဆို ဘာအလုပ်မှ မလုပ်လည်း ရနေတာပဲ.. ပြီးတော့ အမွေတွေသာရရင် သူတို့သားအမိနှစ်ယောက် သုံးမကုန်ဖြုန်းမကုန်ဖြစ်မယ့်ဟာကို ဘာကိစ္စ အဲ့လောက်တောင် အလုပ်လုပ်ချင်နေမှန်းမသိ..။
အမွေဆိုမှ ဟိုကောင်မလေးက ကိုယ်ဝန်ရှိနေပြီတဲ့.. ဒီအတိုင်းနေနေလို့တော့မဖြစ်.. သားအမွေကနေ မြေးအမွေအထိပါ ခွဲပေးရရင် သူတို့ဝေစုက လျော့ကျနိုင်သည်.. ပြီးတော့ ဦးဓနက နောက်အိမ်ထောင်ဖြစ်တဲ့ သူနဲ့ Sweetyကို အမွေခွဲပေးရင်လည်း သားအရင်း၊ မြေးအရင်း ဝေစုကို သူတို့ထက် ပိုပေးမှာ အသေအချာပင်..။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner
