Extra✨

3.5K 60 3
                                    

အဲ့.. အဲ့..

"ကိုရေ.. သမီးလေး နိုးပြီနဲ့တူတယ်.. တစ်ချက်ကြည့်ပေးပါဦး.."

သမီးငိုသံကြားလို့ မီးဖိုခန်းထဲက မြတ်က လှမ်းအော်လိုက်တာ ဖြစ်သည်.. မင်းသန့်လည်း အခန်းထဲမှာ စာရင်းတွေ စစ်နေရင်းကနေ သမီးအခန်းထဲကို အမြန်ထပြေးရတော့သည်..။

"ဟား.. ဖေဖေ့မင်းသမီးလေး နိုးပြီလားဗျာ.. ဖေဖေ့ဆီလာပါဦး သမီးလေးရဲ့.."

သစ်သားပုခက်အတွင်းက ငိုမဲ့မဲ့ဖြစ်နေတဲ့ သမီးလေးကို ချီယူလိုက်ကာ မင်းသန့် အခန်းထဲကနေ ထွက်လာခဲ့သည်..။

ထိုအချိန်မှာပင် ဘုရားခန်းထဲက မိခင်ဖြစ်သူကလည်း ထွက်လာလေသည်..။

"မြေးလေး နိုးပြီလားသား.."

"ဟုတ် အမေ.. သူ့အမေ့ကို မတွေ့လို့ နည်းနည်းငိုမဲ့မဲ့လေး ဖြစ်နေတယ်.."

"ဟုတ်လား မြေး.. ဖွားဆီလာပါဦး မြေးရဲ့.."

အဲ့... အဲ့.. အီးဟီး..

"သမီးလေးရေ.. ဘာလို့ငိုနေတာလဲ ဖေ့သမီးလေးရဲ့.. အေးပါ အေးပါ ဖွားဆီမသွားတော့ဘူးနော်.. မေမေ့ဆီကိုပဲ သွားကြမယ်.. လာ လာ.."

အမေ့လက်ထဲကနေ ငိုနေတဲ့သမီးကို ပြန်ချီယူလိုက်တော့ အမေ့ဆီက မျက်စောင်းတစ်ချက်က ရောက်လာလေသည်..။

"အမလေး.. ကျွန်မက ရှင့်ကို မွေးခဲ့၊ ထိန်းခဲ့တဲ့ အမေပါနော်.. ကလေးတစ်ယောက်ကို အငိုတိတ်အောင် ထိန်းတတ်ပါတယ်အေ.. တကတည်း အဖေနဲ့သမီးနဲ့ ကဲကဲသဲသဲတွေ.. ဟိုမှာ သမီးမြတ်က အလုပ်ရှုပ်နေတဲ့ဟာကို.."

မင်းသန့် အမေ့ကို အနည်းငယ် မျက်နှာချိုသွေးလိုက်ပြီး..

"အဟင်း.. အမေကလည်း အမေကလေးထိန်းတတ်တာ သား သိပါတယ်.. ဒါပေမယ့် သမီးလေးက အိပ်ရာနိုးကာစ နို့ဆာနေမှာစိုးလို့ သူ့အမေဆီ ခေါ်သွားပေးမလို့ပါ.."

"အေးပါ.. အေးပါ.. သွား သွား.."

မင်းသန့် သမီးကို ချီပြီး မီးဖိုခန်းထဲကို ဝင်လာလိုက်သည်။

"မြတ်.. သမီးလေးကို နို့တိုက်လိုက်ပါဦး.. ဟင်းအိုးက ကို ကြည့်လိုက်မယ်.."

"ဪ ကိုရယ်.. မီးဖိုခန်းက ညှော်ကညှော်နဲ့ သမီးကို ခေါ်လာတယ်.. ပေး ပေး.. မြတ် သမီးကို အခန်းထဲခေါ်သွားလိုက်မယ်.. ဟင်းအိုးက ခဏနေရတော့မယ်.. ရေလေး နည်းနည်းခမ်းရင် မီးပိတ်လိုက်နော်.."

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now