"အားး.. ခေါင်းကိုက်လိုက်တာ... ကျွတ်.. ကျွတ်"
သတိုး ညာလက်တစ်ဖက်မြှောက်ကာ နားထင်ကို ဖိပြီး မျက်လုံးကို အားယူဖွင့်ကြည့်လိုက်သည်။
"ဟင်.. ငါ ဘယ်လိုလုပ်ပြီး ဟိုတယ် အခန်းထဲ ရောက်နေတာလဲ"
ဘယ်ဖက်လက်မောင်းပေါ်မှ လေးလံတဲ့ ခံစားမှုကို ခံစားသိရှိပြီး ဘယ်ဖက်ကို ခေါင်းစောင်းကြည့်လိုက်တော့...
သူ့ရဲ့ ဘယ်ဖက်လက်မောင်းကို ခေါင်းအုံးပြီး အိပ်နေတဲ့ မျက်နှာလေး.. တစ်နည်းအားဖြင့် သူ့ရင်ခွင်ထဲမှာ အိပ်စက်နေတဲ့ မျက်နှာလေး..။
စင်ယော်တောင် မျက်ခုံးတွေရဲ့ အောက်ကမျက်တောင်မွှေးအရှည်ကြီးတွေက မျက်ဝန်းတွေကို မမြင်အောင် ဖုံးကွယ်ထားလေသည်.. နှာခေါင်းချွန်ချွန်လေးများက မျက်နှာထက်လှပစွာတည်ရှိနေပြီး နှုတ်ခမ်းပါးလေးက ပန်းသွေးရောင်သမ်းနေသည်.. အထူးခြားဆုံး ဆွဲဆောင်နေတာက ဆံပင်အရှည်ကြီးတွေ..။
ဒီလို လှပပြီး အေးချမ်းတဲ့ မျက်နှာမျိုးလေး သူ မတွေ့ဖူးခဲ့.. သူတွေ့ဖူးတာက ရောင်စုံတွေ ခြယ်သထားတဲ့ ဆေးဆိုးပန်းရိုက်မျက်နှာတွေ.. ကြည့်နေရင်းမှ အပြုံးလေးတစ်ခုကို သူမလေးက မျက်စိမှိတ်လျှက်သားနဲ့ ဖန်ဆင်းလိုက်လျှင် ထိုခဏလေး အသိစိတ်လွတ်စွာ ထိုမျက်နှာလေးထက်က နဖူးပြင်လေးကို သူ ဖွဖွလေး နမ်းရှိုက်လိုက်မိသည်။
.....
နွေးထွေးမှုလေးတစ်ခုကို ခံစားနေရသလို မြူ့စိတ်တွေ နွေးထွေးလုံခြုံနေသည်။ ထိုအခိုက် တစ်စုံတစ်ခုက မြူ့နဖူးကို လာထိလိုက်သလို ခံစားလိုက်ရပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ လေးထောင့်ကျကျ မေးရိုးတွေက မျက်စိရှေ့ပေါ်လာသည်။
ဒါ ဘာလဲ.. မြူ ရုတ်တရက် လန့်သွားပြီး အိပ်ယာထက် ဝုန်းကနဲ ထထိုင်လိုက်မိသည်။
မြူ့အပြု့အမူကြောင့် မျက်စိရှေ့က ထိုလူကလည်း အလန့်တကြားဖြစ်သွားသလို.. မြူ.. မြူအခု ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ အိပ်နေမိတာလား.. သူ ဘယ်သူလဲ.. ဘာလို့ ဒီအခန်းထဲ ရောက်နေတာလဲ။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner