"အော်.. သမီး လာလေထိုင်"
"..."
သတိုးနှင့် နှင်းမြူတို့ ဆရာဝန်ကြီးရှေ့က ထိုင်ခုံမှာ ထိုင်လိုက်ကြတယ်။
"ကျွန်တော်က မြူ့ရဲ့အမျိုးသား သတိုးပါ ဆရာကြီး.. တွေ့ရတာ ဝမ်းသာပါတယ်"
သတိုးကပဲ စတင်ပြီး ဆရာဝန်ကြီးကို မိတ်ဆက်လိုက်တယ်။
"အော်.. အေး.. တွေ့ရတာ ဝမ်းသာပါတယ်ကွယ်"
"ဟုတ်ကဲ့ဗျ.. ကျွန်တော် မြူရဲ့ အခြေအနေကို သိတာ မကြာသေးပါဘူး.. ဟိုတလောက ကျွန်တော်တို့ ကားaccidentတစ်ခု ဖြစ်မလို ဖြစ်သွားတော့မှ သိခဲ့ရတာ.. အဲဒါ ကျွန်တော် မြူရဲ့ အခြေအနေအလုံးစုံကို ဆရာကြီးဆီကနေ သိချင်လို့ပါ.. မြူကတော့ သူအများကြီး သက်သာလာနေပြီလို့တော့ ပြောပါတယ်.. ဒါပေမယ့် ကျွန်တော် စိတ်ပူလို့ပါ.. နောက်ပြီး မြူ့အခြေအနေက လုံးဝအရှင်းကောင်းနိုင်မလား.. ကောင်းနိုင်ဖို့ဆို အချိန်ဘယ်လောက်လောက် ကြာနိုင်ဦးမလဲ သိချင်လို့ပါ"
"အင်း.. ပြောရရင်တော့ သမီးနှင်းမြူက ဆရာကြီးဆီမှာ ကုသမှုခံယူနေတာ နှစ်ပေါင်းအတော်ကြာပြီ.. စစချင်းတုန်းကတော့ သူ့ရဲ့စိတ်အခြေအနေကို တည်ငြိမ်အောင်၊ နောက်ပြီး စိတ်ဒဏ်ရာတွေ ပြေလျော့အောင် အတော်လေး အချိန်ယူကုခဲ့ရတာပေါ့.. မောင်ရင်လည်း နားလည်မှာပါ စိတ်ကိုကုသရတာက အချိန်တိုအတွင်း ကုသလို့ ရတဲ့ ရောဂါမျိုးမဟုတ်တော့ လူနာရော၊ လူနာရှင်ရော၊ ဆရာဝန်ရော စိတ်ရှည်ရှည်နဲ့ တော့ ကုရတာပေါ့လေ"
"ဟုတ်ကဲ့ဗျ"
"အခုကတော့ နှင်းမြူက အတော်လေး သက်သာလာနေလို့ အရင်လို ပုံမှန်treatmentတွေတောင် ယူစရာမလိုတော့ဘူး.. ခုဏက မောင်ရင်ပြောသလိုပေါ့ ကားနဲ့ပတ်သတ်ပြီးတော့တော့ သူ့မှာ စိတ်ဒဏ်ရာတော့ ကျန်နေဦးမှာပဲ.. အဲဒါကလည်း တဖြေးဖြေးတော့ ကုသသွားရမှာပေါ့.. စိတ်ပူစရာတော့ မရှိပါဘူး.. စိတ်ရှည်ရှည်နဲ့ အချိန်တော့ ပေးရမှာပေါ့"
"ဟုတ်ကဲ့ ဆရာကြီး.. ဟို.. မြူ စကားပြောနိုင်ဖို့ရော မျှော်လင့်လို့ရလားဗျာ"
သတိုး မြူ့မျက်နှာကို လှမ်းကြည့်ပြီး နောက်ထပ် သိချင်နေတဲ့ ကိစ္စကို ဆရာကြီးကို မေးလိုက်လေသည်။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner