ဒီနေ့တော့ လန်းဆန်းတက်ကြွစွာနဲ့ မြူ အိပ်ယာကနေ နိုးထလာခဲ့တယ်.. မနေ့က ပြခန်းမှာ အချိန်အတော်ကြာ ရှိနေခဲ့ပြီး မြူ့ပန်းချီကားတွေကို သဘောတကျ ကြည့်ရှု့နေကြတဲ့လူတွေကို မြူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် နောက်ထပ် ပန်းချီတွေ ရေးဆွဲဖို့ မြူ့မှာ ခွန်အားတွေ ပြည့်နေသလိုပဲ.. ဒီနေ့တော့ မြို့ထဲသွားပြီး လိုတဲ့ပစ္စည်းတွေ သွားဝယ်မည်.. ဆေးတစ်ချို့နဲ့ canvasလည်း ဖြည့်ရမည်။
အိပ်ယာမှထကာ ရေချိုးလိုက်သည်.. ထို့နောက် မျက်နှာကို sunscreen လေး အနည်းငယ်လူးကာ မိတ်ကပ်ပါးပါးလေးလိမ်းပြီးနောက် two-way powder လေးနှင့် အဆုံးသတ်လိုက်သည်။
အဲ့ဒီ့နောက်မှာတော့ မိုးပြာရောင် လက်ပြတ်အင်္ကျီလေးနှင့် ထမီစကပ် ဝမ်းဆက်လေး ထုတ်ကာ လဲလှယ်ဝတ်ဆင်လိုက်သည်။
ငယ်စဉ်ကတည်းက မေမေ အမြတ်တနိုးစည်းနှောင်ပေးလေ့ရှိသည့် ဆံပင်ရှည်များကို ဖြီးသင်ပြီး ခေါင်းစည်းကြိုးလေးဖြင့် စည်းနှောင်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။
"ဟဲ့ လမ်းလျှောက်ရင် အရှေ့အနောက် နည်းနည်းပါးပါး ကြည့်ဦးလေ.. လူတစ်ယောက်လုံးလာနေတာ မမြင်ဘူးလား.. နင့်ဆံပင်တွေက ငါ့မျက်နှာကို ရိုက်မိတော့မယ်"
မြူအခန်းထဲက ထွက်အပြီး တံခါးလှည့်အပိတ်မှာ အနောက်က ရောက်လာသော မမမြတ်ကို မြူဆံပင်တွေနှင့် မတော်တဆ ရိုက်မိသလိုဖြစ်သွားသည်။
"...."
"ဒါပဲ.. ပြောလိုက်ရင်.. တောင်းပန်ပါတယ်ဆိုပြီး လက်တွေ ခြေတွေနဲ့ အတင်းတွေ လုပ်ပြ.. စိတ်ဆိုးမိတဲ့ ငါပဲ လူဆိုးမဖြစ်ဦးမယ်.. ဖယ် ဖယ်.. ငါ သွားစရာရှိတယ်.. ရှေ့ကနေဖယ်တော့"
မမမြတ်နဲ့ ပတ်သတ်ပြီး အမှားမဖြစ်အောင် ဂရုစိုက်နေတဲ့ကြားမှပဲ ဖြစ်ရတယ်လို့.. မမမြတ်က အဲ့လိုပါပဲ။
မြူ့ကိုပဲ အဲ့လိုဆက်ဆံတာမျိုးတော့ မဟုတ်ပါ.. ညီမလေး ခက်ခက်နှင့်လည်း တကျက်ကျက်.. အပြောဆိုးပေမယ့် စိတ်ရင်းတော့ ကောင်းပါတယ်လေ။
မမမြတ် ထွက်သွားတော့မှ မြူ ထမင်းစားခန်းထဲ သို့ ဝင်လာခဲ့သည်..။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner