အပိုင်း (၃၈)

1.8K 30 0
                                    

"မြူ အဆင်ပြေရဲ့လား.. ကိုယ့်ကိုကြည့်ပါဦး"

အချိန်အတော်ကြာ သူမလေးကို ရင်ခွင်ထဲ ပွေ့ဖက်ထားပေးရင်းက သတိုး သူမကို မော့ကြည့်စေလိုက်သည်။

"..."

သူမက ကြောက်လန့်ပြီး မျက်ရည်တွေနှင့်သူ့ကို မော့ကြည့်လေသည်။

သတိုးက သူမမျက်နှာလေးကို လက်ဖဝါးနှစ်ဖက်နဲ့ ကိုင်ပြီး လက်မလေးဖြင့် မျက်ရည်များကို သုတ်ပေးကာ..

"ပထမဆုံး ဒီပွဲကို ခေါ်လာမိတဲ့အတွက် ကိုယ်တောင်းပန်ပါတယ်နော်.. နောက်ပြီး ခုနက ထွဋ်ခေါင်ဦးပြောသွားတဲ့ စကားတွေကို ခေါင်းထဲထည့်စရာမလိုဘူး.. မြူက သူပြောသလို မပြည့်စုံတဲ့ ဒုက္ခိတမိန်းကလေး တစ်ယောက်မဟုတ်ဘူးနော်.. ကိုယ့်အတွက်တော့ ပြီးပြည့်စုံတဲ့ အိမ်ထောင်ဖက်၊ အိမ်ထောင်ရှင်မကောင်း တစ်ယောက်ပဲ.. ကိုယ့်အတွက် တန်ဖိုးထားရတဲ့သူပဲ.. ဘေးလူတစ်ယောက်ရဲ့စကားကြောင့် ဘာမှ သိမ်ငယ်စရာမလိုသလို ဝမ်းနည်းစရာလည်း မလိုဘူးနော်.. ကိုယ်ပြောတာ နားလည်လား"

"..."

"ပြီးတော့ ကိုယ့်ဒေါသကြောင့် ကားကို အရှိန်ပြင်းပြင်းနဲ့ မောင်းလာမိပြီး မင်းကို လန့်သွားစေရတဲ့အတွက်လည်း ကိုယ်တောင်းပန်တယ်.. အခုကစပြီး ဘာမှ မဖြစ်တော့ဘူးနော်.. မြူ စိတ် အဆင်ပြေပြီဆိုရင် ကိုယ်တို့ ပြန်ကြတော့မလား"

"..."

မျက်နှာငယ်လေးနဲ့ အသာအယာ ခေါင်းငြိမ့်ပြတဲ့ မျက်စိရှေ့ကကောင်မလေးရဲ့ ခေါင်းလေးကို အသာယာလေး ပုတ်ပေးပြီး သူမကို ထိုင်ခုံခါးပတ်ပြန်ပတ်ပေးကာ သတိုးကားလေးကို ဖြေးဖြေးပဲ မောင်းထွက်လာခဲ့သည်။

...........

ပုံမှန်အတိုင်း မနက် စောစော ၆နာရီခွဲလောက်မှာ သတိုး အိပ်ယာက နိုးလာခဲ့သည်.. ဒီနေ့တော့ ရှုတင်မရှိ အနားရတဲ့ရက်မို့ ဖိုးဇော်ကိုရော၊ တိုးတိုးကိုရော အနားပေးပြီး မလာခိုင်းထားပါ။

ဒီနေ့တစ်ရက်တော့ အချိန်အတော်ကြာမှ သူမလေးနဲ့ နှစ်ဦးထဲ ကုန်ဆုံးဖို့ စဉ်းစားထားသည်။

သူမလေး အပြင်သွားချင်လည်း သူလိုက်ပို့ပေးမည်.. အိမ်မှာပဲ နေမည်ဆိုလည်း အိမ်မှာ အချိန်အတူတူ ကုန်ဆုံးမည်။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now