သတိုးအတွက် မမမိုးက ဆံပင်နဲ့လိုအပ်တာတွေကို သေသပ် သပ်ရပ်စွာ ပြင်ဆင်ပေးပြီးချိန်မှာတော့ သတိုး သူမ ရှိရာ အခန်းထဲသို့ ဝင်လာခဲ့သည်။
"ပြီးပြီလား မမယု"
"အေး ပြီးပြီ.. ပြီးပြီ.. ခဏလေး ဒီမှာထွက်လာပြီ"
မမယု စကားသံဆုံးပြီး ခဏကြာတော့ ခန်းစီးလိုက်ကာ ပွင့်သွားကာ ပေါ်လာတဲ့ ပုံရိပ်လေးက ဆွဲဆောင်မှုရှိလွန်းလို့ သတိုးအတွက် အချိန်တွေ စက္ကန့်ပိုင်းမျှ ရပ်တန့်သွားသလို...။
ရေညှိစိမ်းရောင် ပိုးသားdress ကိုယ်ကျပ်လေးက လက်တစ်ဖက်က လက်ရှည်ဖြစ်ပြီး တစ်ဖက်က shoulder offဖြစ်ကာ ခါးမှာပင် စည်းထားတဲ့ပုံစံ၊ ခန္ဓာကိုယ် အချိုးအစားနဲ့ အပိုအလိုမရှိ ကွက်တိကျ လှပနေတဲ့ ဒီဝတ်စုံက အောက်ဖက်မှာလည်း ပေါင်အထိ ခွဲထားလေသည်.. ပိုးသားဖြစ်လို့ ခန္ဓာကိုယ်ပေါ် ဝေ့ဝဲကျနေသည့် ဝတ်စုံက သူမရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှတွေကိုလည်း ပိုမိုထင်ရှားစေသည်။
သူမရဲ့ လှပတဲ့ မျက်နှာကို ပြင်ဆင်ချယ်သထားမှုက ညနေခင်းပွဲနဲ့ လိုက်ဖက်ညီကာ သူမရဲ့ ရှည်လျားလှပတဲ့ ဆံပင်ရှည်ကြီးတွေကိုလည်း အားလုံးတစ်စုထဲ ခပ်မြင့်မြင့် စည်းနှောင်ထားမှုက လူငယ်ဆန်သလို ဆွဲဆောင်မှုရှိလွန်းလှသည်။
လက်ထဲမှာ ရေညှိစိမ်းရောင် အိတ်ကလေးတစ်လုံးကိုင်ထားပြီး အရောင်တူ ဒေါက်ဖိနပ်လေး စီးထားတဲ့ သူမက ဒီနေ့ပွဲမှာ မင်းသမီးတွေထက်တောင် လှပနေမှာ အသေအချာပင်။
"ဘယ်လိုလဲ.. ကိုယ့်မိန်းမကိုယ် မမှတ်မိတော့ဘူးလား"
သူ့ရဲ့စက္ကန့်ပိုင်းမျှ မှင်သက်သွားမှုကို မမယုက နောက်လေသည်။
"အင်း.. လှတာတော့ အရမ်းလှပေမယ့် မမယုရဲ့ ဝတ်စုံက အရမ်းကို ပေါ်လွင်လွန်းနေသလိုပဲ"
"ဟား..ဟား..ဟား သတိုးရယ်.. ဘာလဲ မိန်းမက အရမ်းလှနေတော့ သူများတွေ ဝိုင်းကြည့်မှာ သဝန်တိုနေတာလား"
"အာ.. မဟုတ်ပါဘူး မမယုကလည်း.. နှင်းမြူက လူတွေရဲ့attention ရတာကို မနေတတ်တဲ့သူမို့လို့ သူ့အတွက် အနေခက်နေမှာစိုးလို့ပါ"
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner
