Ring.. Ring..
သတိုး ဧည့်ခန်းထဲမှာ TV ကြည့်နေတုန်း ဘေးနားက ဖုန်းမြည်သံကြောင့် ဖုန်းကို ကောက်ကိုင်လိုက်တော့ ကိုမင်းသန့်ဆီက ဖုန်းဖြစ်သည်.. မနက်ကပဲ မြူက ကိုမင်းသန့်နဲ့ မတွေ့တာကြာလို့ တွေ့ကြမယ်ဆိုပြီး အိမ်ကထွက်သွားတာလေ.. ကိုမင်းသန့်က သူ့ဆီ ဘာလို့ ဖုန်းဆက်တာပါလိမ့်..။
သတိုး စဉ်းစားနေတုန်းက ဖုန်း Ringက တစ်ခါကျသွားပြီး နောက်ထပ် တစ်ကြိမ် ထပ်မြည်လာပြန်သည်..
"ဟယ်လို ကိုမင်းသန့်.."
"သတိုး.. သတိုး ညီမလေး ပြန်ရောက်ပြီလား.."
"ဟင့်အင်း မရောက်သေးဘူး.. ကိုမင်းသန့်နဲ့တွေ့ပြီး ပြန်လာပြီလား.. ကိုမင်းသန့် ပြန်လိုက်ပို့ပေးမယ်ထင်လို့ ကျွန်တော် ကားအကြိုမလွှတ်ထားဘူး.. ပြီးတော့ ကျွန်တော့်ကိုလည်း ချစ်လေးက ဖုန်းမဆက်သေးဘူး.."
ကိုမင်းသန့်ရဲ့ အသံက အရမ်းကို အလောသုံးဆယ် ဖြစ်နေတာကို သတိုး သတိထားလိုက်မိသည်..။
"ညီမလေးဆီကို ဖုန်းဆက်ကြည့်ပါဦး သတိုးရယ်.. အကို ဖုန်းဆက်တာ လုံးဝမကိုင်ဘူး.. အကို့ဖုန်းကို blockလိုက်တယ်.."
"ဗျာ!.."
ကိုမင်းသန့် စကားကို သတိုးအံ့ဩသွားမိသည်.. ကိုမင်းသန့်ကို တွေ့ဖို့ မနက်ကပဲ ပျော်ရွှင်မြူးတူးပြီး ထွက်သွားတဲ့ ချစ်လေးက ကိုမင်းသန့်ဖုန်းကို ဘာလို့ blockတာလဲ.. သူတို့ နှစ်ယောက် ဘာတွေ ဖြစ်နေကြတာလဲ..။
"ကိုမင်းသန့်ကို blockတယ်?.."
"ညီမလေးက အကို့အကြောင်းတွေ အကုန်သိသွားပြီ.. အကို့ကို အရမ်းစိတ်ဆိုးပြီး ထွက်သွားတယ်.. အကိုရှင်းပြတာလည်း နားမထောင်ဘူး.. သတိုး ညီမလေးကို အမြန်ရှာကြည့်ပါဦး.. ဖုန်းဖြစ်ဖြစ် ဆက်ကြည့်ပါ.. အကို အရမ်း စိတ်ပူနေလို့.."
"ခဏလေး.. ခဏလေး ကိုမင်းသန့်.. ဘာတွေဖြစ်ကုန်တာလဲ ကျွန်တော့်ကို သေချာရှင်းပြပါဦး.. ကျွန်တော် နားမလည်တော့ဘူး.. မြူက ကိုမင်းသန့်အကြောင်း ဘာတွေ သိသွားတာလဲ.. ကိုမင်းသန့်ကိုရော ဘာလို့ စိတ်ဆိုးသွားတာလဲ.. ကျွန်တော့်ကို သေချာ ရှင်းပြပါဦး.. ကျွန်တော် စိတ်ပူနေပြီ.. "
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romantizmနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner