မနက်ခင်းအစောကြီးနိုးတတ်တဲ့ သတိုးက ထုံးစံအတိုင်း မနက် ၆နာရီခွဲလောက်မှာ နိုးလေသည်.. ညက Siem Reapကို ၁၁ခွဲ ၁၂လောက်မှ ရောက်လို့ တည်းမယ့်ဟိုတယ်ရောက်တာနဲ့ အထုတ်တွေချပြီး နှစ်ယောက်သား အိပ်လိုက်ကြတာဖြစ်သည်..။
ကားဆရာ Thongကတော့ မနက် ၈နာရီခွဲလောက် လာခေါ်မယ် ပြောထားလို့ အရင်နိုးတဲ့ သူကပဲ ရေအရင်ချိုးလိုက်မည်.. ပြီးမှ ချစ်လေးကို နှိုးပြီး မနက်စာစားကြမယ်လို့ စဉ်းစားလိုက်ပြီး ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်..။
မြူ အိပ်ယာကနိုးတော့ အကိုက ဘေးနားမှာမရှိတော့ပေ.. ရေချိုးခန်းထဲက ရေကျသံကြားနေရတာမို့ အကိုရေချိုးနေပြီဖြစ်မယ်.. မြူလည်း ကုတင်ပေါ်မှ ဆင်းကာ ဒီနေ့ ဝတ်မယ့် အဝတ်အစားတွေပြင်ဆင်နေလိုက်သည်..။
မနေ့က ကားဆရာရဲ့ ပြောစကားအရ အန်ကောဝတ်က ဘောင်းဘီအတို၊ စကပ်အတို၊ အင်္ကျီလက်ပြတ်စတာတွေ ဝတ်ခွင့်မရှိဘူးဆိုလို့ အကို့အတွက် ဂျင်းချည်သား ဘောင်းဘီရှည်နှင့် တီရှပ်တစ်ထည်၊ အပေါ်ကထပ်ဝတ်ဖို့ ရှပ်အင်္ကျီတစ်ထည်ထုတ်ပေးထားလိုက်သည်.. မြူ့အတွက်ကတော့ ချည်သား လက်တစ်လုံးကြိုး body fitဂါဝန်အရှည်လေးနဲ့ အပေါ်က ထပ်ဝတ်ဖို့ cardigan ခါးတို အပါးလက်ရှည်လေး တစ်ထည်ဝတ်မယ်လို့ စဉ်းစားထားလိုက်သည်..။
တကယ်တမ်းစဉ်စားကြည့်ရင် ခဏနေရင် မြူအရမ်းမြင်တွေ့ဖူးချင်တဲ့ ရှေးဟောင်းအနုပညာလက်ရာတွေနဲ့ ခမ်းနားနေမယ့် အန်ကောဝတ်ဘုရားကျောင်းကြီးကို တွေ့ရတော့မည်.. မြူ အရမ်းကို စိတ်လှုပ်ရှားနေမိသည်.. ခမာလူမျိုးတွေရဲ့ ခမ်းနားခဲ့မှုတွေကို မျက်မြင်ခံစားခွင့်ရတော့မည်..။
သတိုး ရေချိုးခန်းထဲက ထွက်လာတော့ luggageလေးအရှေ့မှာချပြီး ဘာတွေစဉ်းစားခန်းဝင်နေမှန်း မသိသော ဇနီးသည်လေးကို တွေ့လိုက်ရသည်.. တစ်စုံတစ်ရာကို အလေးအနက်စဉ်းစားနေပုံရသည်။
သတိုးလည်း စနောက်ချင်တာနဲ့ ရေချိုးပြီးကာစ အေးစက်နေတဲ့ လက်ဖဝါးတစ်ဖက်နှင့် သူမရဲ့ သွေးကြောစိမ်းတွေ ယှက်ဖြာနေတဲ့ ပါးပြင်လေးတစ်ဖက်ကို ထိကပ်စေလိုက်သည်..။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner