"ဖေဖေနဲ့ မေမေ.. မမမြူကလေ ယောက်ျားလေးမိတ်ဆွေရှိတယ် သိလား"
ဧည့်ခန်းထဲ TVကြည့်နေကြရင်း ခက်ခက် ရုတ်တရက် ပြောချလိုက်တဲ့ စကားကြောင့် လေးလေးရော တီတီသူဇာပါ မြူ့ကို တအံ့တဩဝိုင်းကြည့်ကြသည်။
"ဟေ.. သမီးမြူက ချစ်သူရနေပြီလား"
"..."
မြူအလန့်တကြား ခေါင်းခါပြရသည်။"ဟာ ဖေဖေကလည်း ယောက်ျားလေး မိတ်ဆွေပါဆို ချစ်သူမဟုတ်ပါဘူး"
"အော် မသိဘူးလေ.. သမီးငယ်က အထူးအဆန်းလုပ်ပြီးပြောတော့ ဖေဖေက သမီးမြူမှာ ချစ်သူရသွားပြီထင်တာပေါ့.. ယောက်ျားလေး သူငယ်ချင်းရှိတာ ထူးမှမထူးဆန်းတာ.. သမီးမှာလည်း ရှိတာပဲကို"
"အေးလေ သမီးရယ်.. မေမေတောင် လန့်သွားတယ်"
"ထူးဆန်းတာပေါ့ ဖေဖေရဲ့.. မမမြူလိုလူမျိုးက သမီးနဲ့မတူဘူးလေ.. သူငယ်ချင်းဆိုလို့ မိန်းကလေးသူငယ်ချင်းတောင် ၁ယောက် ၂ယောက်ရှိတာ.. အဲ့ဒါကလည်း အရမ်းကြီး ပေါင်းတဲ့ သူငယ်ချင်းမျိုး မဟုတ်ဘူးလေ"
"ပြီးတော့ မမမြူရဲ့ မိတ်ဆွေ အဲ့အစ်ကိုကြီးကလေ အသားညိုညို အရပ်ရှည်ရှည်နဲ့ စကားပြောတာလည်း ရည်မွန်တယ်.. မမမြူကိုလည်း ညီမလေး ညီမလေးနဲ့ ပါးစပ်ဖျားကကို မချဘူး.. ကြည့်နေတဲ့ အကြည့်တွေကလည်း ရင်ခုန်စရာကြီး အဟိ.."
"..."
ခက်ခက်တစ်ယောက်တော့ ဘာတွေ လျှောက်ပြောနေတာလဲ မသိဘူး.. လေးလေးတို့က တစ်မျိုးထင်ရင် ဒုက္ခ.. မြူ့ကိုအထင်လွဲမှာလည်း ကြောက်သလို အစ်ကို့ကို အထင်မှားမှာလည်း စိုးရိမ်သည်။
"ဟုတ်လား သမီးမြူ.. သမီးငယ်ပြောတာလည်း ဟုတ်တာပဲ.. သမီးမှာ ယောက်ျားလေး မိတ်ဆွေ တစ်ယောက်မှ မှ မရှိတာ.. ဘယ်လိုအသိမိတ်ဆွေ ဖြစ်ကြတာလဲ.. လေးလေးကို ပြောပြပါဦး"
မြူဘာမှ မပြောရသေးခင်ပဲ...
"အဲ့အစ်ကိုကြီး နာမည်က ကိုမင်းသန့်တဲ့.. မမမြူထက် ၅နှစ်ကြီးတယ်ဆိုတော့ အသက် ၃၀လောက်ရှိပြီပေါ့.. ပြီးတော့ ဆန်ပွဲရုံပိုင်ရှင်.. မမမြူနဲ့သိတာတော့ ၂ပတ်လောက်ပဲရှိသေးတယ်တဲ့.. မမမြူ တစ်ယောက်ထဲ မြို့ထဲသွားတဲ့နေ့က အခက်အခဲဖြစ်တာကို အဲ့အစ်ကိုကြီးက ကူညီပေးခဲ့တာတဲ့.. အဲ့ဒါပဲ"
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
عاطفيةနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner