အပိုင်း (၁၀)

1.8K 28 0
                                    

မီးရောင် ခပ်မှိန်မှိန်နဲ့ ဟိုတယ်ရဲ့barထဲတွင် လူအနည်းငယ်ရှိနေသည်။

ဒီနေ့ သူတို့ department မှ ညီမလေးတစ်ဦး အလုပ်ကထွက်ပြီး နိုင်ငံခြားသွားမှာမို့ နှုတ်ဆက်ပွဲအနေနှင့် ဟိုတယ်ထဲကbarမှာတင် ကျင်းပနေကြသည်။

"ကဲ.. သဥ္ဇာ ညည်း ဟိုရောက်ရင် အလုပ်ပဲ လုပ်မနေနဲ့.. အဖြူကောင်လေး ဘာလေး ရအောင် ကြိုးစားဦး.. ဒီမှာ မစွံခဲ့သမျှ ဟိုမှာ အစွံထုတ်အေ"

"ဟာ အဲ့ မလဲ့ကလေ သဥ္ဇာက ဒီမှာ မစွံတာမဟုတ်ပါဘူး.. မစွံချင်ယောင်ဆောင် ထားတာ"

"အေးပါအေ.. ဟား.. ဟား"

Department head မလဲ့က အဲ့လိုပင် ပျော်ပျော်နေတတ်သည်.. အခုလည်း အလုပ်ထွက်မယ့် ညီမလေးကို စိတ်ပျော်အောင် လျှောက်စနေတာဖြစ်သည်။

မြတ်မေကတော့ အဲ့လိုမျိုး လူတွေနဲ့ ရောရောထွေးထွေး နေတတ်တဲ့သူ သိပ်မဟုတ်.. အခုလည်း အိမ်မပြန်ချင်သေးလို့သာ ဒီ​နေရာမှာ ရှိနေရသည်.. စိတ်သိပ်ပါသည်တော့မဟုတ်။

အနီးအနားကို မျက်စိကစားလိုက်မိတော့ bar counterတွင် အရက်သောက်နေသူ တစ်ဦး.. သူကြည့်ရတာ အရမ်းမူးနေပုံ.. သေချာကြည့်လိုက်တော့ "မြကြေးယမုံ"။

မြတ်မေ bar counter ဆီသို့ ထွက်လာခဲ့လိုက်သည်။

"ယမုံ.. ယမုံ.. နင် အရမ်းမူးနေပြီနဲ့တူတယ်.. တို့ ကားခေါ်ပေးရမလား.. ဒါမှမဟုတ် တစ်ယောက်ယောက်ကို ဖုန်းဆက်ပေးရမလား"

"ဟင်.. ဘယ်သူလဲ.."

"မေပါ မြတ်မေ.. ယမုံ တို့ကို မှတ်မိလား"

"မြတ်မေ.. အော် တက္ကသိုလ်တုန်းက အတန်းထဲက စာအတော်ဆုံး မြတ်မေလွန်း ဟုတ်တယ်မလား"

"အင်း ယမုံ မှတ်မိပြီဆိုရင် ဘယ်ကိုဖုန်းခေါ်ပေးရမလဲ ပြော"

"ဖုန်း.. ဖုန်းက ဘယ်သူ့ကို ခေါ်ရမှာလဲ.. တို့မှာ ခေါ်စရာ ဘယ်သူမှမရှိဘူး"

"မောင်လေး အမကို ရေတစ်ခွက်လောက်"

"..."

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now