"ကျွန်မညီမလေးကို ကိုသတိုးနဲ့ လက်ထပ်ပေးပါ"
မမမြတ် ပြောလိုက်တဲ့ စကားက မြူ နားကြားမှားတာ မဟုတ်လား.. မမမြတ် ဘယ်လိုပြောလိုက်တာလဲ.. ဒီလူ့ကို မြူ မယူနိုင်ဘူး.. သူ့လို မိန်းကလေးတွေကို အထင်အမြင်သေးပြီး ရိုင်းစိုင်းတဲ့သူကို မြူ မုန်းတယ်.. မြူ သူ့ကို မယူပါရစေနဲ့နော်.. မြူ မယူပါရစေနဲ့။
အတင်းခေါင်းတွေခါပြီး ငြင်းဆန်နေတဲ့ နှင်းမြူကို မြတ်မေ ခေါင်းငြိမ့်ပြပြီး သူ့ဆုံးဖြတ်ချက်ကို လက်ခံဖို့ မျက်လုံးချင်းပဲ စကားတွေ ပြောနေလိုက်သည်။
မင်း မငြင်းဆန်နဲ့ နှင်းမြူ မင်းအတွက် ငါဒီနေ့ အစ်မကြီး ဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်ထားတာ မင်းအတွက် သိပ်ကို စဉ်းစားပေးတဲ့ အစ်မကြီး တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို မင်းလိုက်နာရမယ်။
ဒီလို ရင့်သီးပြီး ရိုင်းစိုင်းတဲ့ သူနဲ့ မင်းအတူနေသွားရမှာတော့ ငါ စိတ်မကောင်းပါဘူး.. ဒါပေမယ့် ဒါ မင်းကံကြမ္မာပဲ.. အဲ့ဒီ့ကံကြမ္မာကိုလည်း ငါကိုယ်တိုင်ရေးဆွဲခဲ့တာ.. မင်းလိုက်နာရမယ်။
"တွေ့လား.. နောက်ဆုံးတော့ မင်းတို့က ငါ့ကို အပိုင်ဖမ်းဖို့ ကြိုးစားနေတာပဲလေ.. မရဘူးနော်.. ငါ လက်မခံဘူး.. ငါ ဒီမိန်းကလေးကို လက်မထပ်နိုင်ဘူး"
"သတိုးး.. ဒီကိစ္စ မင်း ဘာမှ အထွန့်တက်လို့မရဘူး.. ဒီကလေးမပြောတာ အကုန် တရားနည်းလမ်းကျတယ်.. မင်း ဒီမိန်းကလေးကို လက်ထပ်ယူရမယ်"
"ကို.. ဘယ်လိုပြောလိုက်တာလဲ"
"ဒယ်ဒီ.. ကိုကို့ကို တကယ် သူနဲ့ လက်ထပ်ပေးမလို့လား"
"ဟာ.. daddyရာ မဟုတ်တာတွေ.. ကျွန်တော်က ဘာလို့ သူ့ကို ယူရမှာလဲ.. ကျွန်တော်နဲ့သူနဲ့ ဘာမှလည်း မဖြစ်ခဲ့ဘူးဗျာ.. ပြီးတော့ စကားမပြောနိုင်တဲ့ မိန်းမတစ်ယောက်ကို ကျွန်တော်က ပွဲတက်မယားအဖြစ် ယူရမယ်.. ပိုတောင် မဖြစ်နိုင်ဘူး daddy"
"ကဲ ကလေးမတို့ မင်းတို့ကို အန်ကယ့် ကားdriverလိုက်ပို့ပေးလိမ့်မယ်.. မင်းတို့ပြန်လို့ရပြီ.. မင်းတို့မိဘတွေနဲ့ အန်ကယ်တို့ အမြန်ဆုံးလာတွေ့ပါမယ်.. စိတ်ချ လက်ချ ပြန်ပါ"
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romantikနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner