ဇာတ်သိမ်းပိုင်း

4.2K 57 4
                                    

သတိုး ခြံရှေ့မှာ ကားရပ်ပြီး အိမ်ထဲကို ဝင်လာခဲ့တော့ ဖိနပ်ချွတ်မှာ မြူ့ဖိနပ်လေး ချွတ်ထားတာ တွေ့မှပဲ စိတ်ပူနေတာတွေ တဝက်လောက် သက်သာသွားသည်.. အောက်ထပ်မှာတော့ ဘယ်သူမှရှိမနေ.. အပေါ်ထပ်ကို တက်လာခဲ့တော့ အခန်းထဲက ငိုနေတဲ့ အသံလေး ကြားလိုက်ရသည်..။

ဒီကောင်မလေးကလေ အရမ်းငိုနေပြန်ပြီ..။

သတိုးအိပ်ခန်းထဲ ဝင်လာခဲ့တော့ သူမလေးက ထုံးစံအတိုင်း သူ့မိဘတွေ ကုတင်ဘေးမှာ မိသားစု ဓါတ်ပုံလေးကိုင်ပြီး ငိုနေလေသည်..။

"ချစ်လေး.. ကို့ဖုန်းကို ဘာလို့မကိုင်တာလဲ.. ကိုစိတ်ပူနေတာလေ.."

"ကို.. အဟင့်.. ဟင့်.. ကိုကိုကလေ.. ကိုကိုက.."

သတိုး သူမအနားသွားကာ ထိုင်ချလိုက်ပြီး သူမကိုယ်လေးကို ရင်ခွင်ထဲ ထွေးဖက်ထားရင်း..

"ကို သိတယ်.. ကို သိတယ်.. ကို သိပြီးပြီနော်.."

"အဟင့်.. ဖေဖေတို့ မေမေတို့ကို သေစေခဲ့တဲ့တရားခံရဲ့သားကိုမှ မြူက အရမ်းတွေ ခင်မင်ခဲ့တာ..ကိုယ့်အကိုရင်းလို ချစ်ခင်ခဲ့တာ.. မြူ့ကို ဖေဖေတို့ ခွင့်လွှတ်ပါ့မလားဟင်.."

"ဟာ ချစ်လေးကလည်း ဘယ်လိုတွေ စဉ်းစားလိုက်တာလဲ.. ချစ်လေးရဲ့ မိဘတွေက ချစ်လေးကို အရမ်းချစ်ကြတဲ့သူတွေလေ.. ဘာလို့ ခွင့်မလွှတ်ရမှာလဲ.. နောက်ပြီး ကိုမင်းသန့် ကို့ဆီကို ဖုန်းဆက်တဲ့အချိန်မှာ သူ ချစ်လေးကို အရမ်းလည်း စိတ်ပူနေပြီး.. အရမ်းလည်း စိတ်မကောင်းဖြစ်နေတာ.. ချစ်လေး သူ့ကို မမြင်ချင်ရင် နောက်ကို ဘယ်တော့မှ သူ့ကို မမြင်ရစေပါဘူးတဲ့.. ဒါပေမယ့် ချစ်လေး ဝမ်းနည်းပြီး ခံစားနေရတာမျိုးတော့ သူမဖြစ်စေချင်ပါဘူးတဲ့.. သူက ဒီအကြောင်းတွေ အကုန်သိနေခဲ့လို့ ချစ်လေးကို စောင့်ရှောက်ပေးချင်ရုံနဲ့ အနားကို ရောက်လာခဲ့တာပါတဲ့.. တခြား ရည်ရွယ်ချက်တွေလည်း မရှိပါဘူးတဲ့လေ.. သူ အရမ်းစိတ်မကောင်းဖြစ်နေတယ်.."

သတိုးက သူမရဲ့ ဆံပင်လေးတွေကို သပ်ပေးပြီး ပြောစရာရှိတဲ့စကားတွေကို အတတ်နိုင်ဆုံး ငြင်သာစွာ ပြောနေလေသည်..။

"အဟင့်.. ဟင့်.. မြူ ဘာလုပ်ရမလဲ.. ဒီကိစ္စတွေမှာ ကိုကို့မှာ အပြစ်မရှိဘူး ဆိုတာ သိနေပေမယ့် မြူ အလွယ်တကူ ခွင့်မလွှတ်နိုင်ဘူး.. ဒီအဖြစ်အပျက်တွေကို ဖုံးကွယ်ပြီးနေခဲ့တာကိုလည်း စိတ်ထဲမှာ သစ္စာဖောက်ခံရသလို ခံစားရတယ်.."

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now