အခန်း - ၁

5.2K 232 3
                                    

Chapter ● 1 ●

"ဆန်ကုန်မြေလေး..."

ချန်ခေါ့သည် လမ်းမဘေးရှိ လှေကားထစ်ပေါ်တွင် ထိုင်နေပြီး မြောက်လေကို မျက်နှာမူထားလျက် အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ် ထုတ်ယူကာ ပါးစပ်ထဲတွင် ခဲလိုက်သည်။

ဤသည်မှာ သူ အိမ်မှ ထွက်ခွာမလာခင် ကြားလိုက်ရသည့် နောက်ဆုံးစကားတစ်ခွန်းဖြစ်သည်။ သူ့အဖေ၏ ...... မဟုတ်သေး၊ သူတို့တစ်အိမ်သားလုံး၏ သူ့အပေါ် နောက်ဆုံးအကဲဖြတ်ချက်ဖြစ်သည်။

ဆန်ကုန်မြေလေး...။

ချန်ခေါ့ ခေါင်းတစ်ချက်ညိတ်လိုက်ရင်း အဆိုပါ အကဲဖြတ်ချက်သည် သူ၏ လက်ရှိအနေအထားနှင့် အလွန်ဆီလျော်လှသည်ဟု တွေးမိသည်။

ချန်ခေါ့တစ်ယောက် ခေါင်းကို ငုံ့၊ မျက်နှာကို လက်မောင်းဖြင့် ကာ၊ အနွေးထည်အင်္ကျီဖြင့် ဆွဲဖုံး၊ လေတိုက်ရာဘက်ကို နောက်ကျောပေးပြီးလှည့် အစရှိသဖြင့် အမျိုးမျိုးသော စီးကရက်မီးညှိကိုယ်ဟန်များဖြင့် မီးညှိသော်လည်း ပါးစပ်ထဲ ခဲထားသော စီးကရက်ကို မီးမညှိနိုင်ခဲ့ပြီးနောက် သူသည် မီးခြစ်ကို လမ်းဘေးနားရှိ မြက်ခင်းချုံထဲသို့ ပစ်ထည့်လိုက်လေတော့သည်။

"မင်းမေလခွမ်းတဲ့မှပဲ"

ချန်ခေါ့ ပြောသည်။

စီးကရက်မီးတောင် ကောင်းကောင်းမညှိနိုင်သည့် ဆန်ကုန်မြေလေး...။

သို့ပေမဲ့ စီးကရက်ကိုတော့ မီးညှိရဦးမည်။ မည်သို့ဆိုစေ သူ့လို အသုံးမကျသည့်ဆန်ကုန်မြေလေးတစ်ယောက်သည် နှစ်နှစ်တာ ကာလအတွင်းတွင်လည်း ဆေးလိပ် မဖြတ်နိုင်ခဲ့ရာ ယခုကဲ့သို့သောအချိန်မျိုးတွင်မှ အလျဥ်းသင့်တုန်း ဆေးလိပ်ဖြတ်ရန် ပို၍တောင် မဖြစ်နိုင်ချေ။

ချန်ခေါ့သည် မီးခြစ် ပျောက်ကွယ်သွားသော မြက်ခင်းချုံဘက်ကို လှမ်းကြည့်လိုက်သည်။

မြက်ခြောက်များ အနည်းငယ်ထူထပ်နေသည်။

အမည်မသိချုံပင်များလည်း စိုက်ထားသည်။

ထိုအနားတွင် ဆောင့်ကြောင့်ထိုင်လျက် လက်ဖြင့် ရမ်းသန်း လိုက်စမ်းနေစဥ် ဘာမှန်းမသိသည့်တစ်ခုခုကို စမ်းမိသည့် ချန်ခေါ့ ကိုယ့်ဘာသာကိုယ် စိတ်ကူးယဉ်ကြည့်မိသည် ......

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now