အခန်း - ၃၅

870 121 8
                                    

Chapter ● 35 ●

"ငါ့ကို လာရှာတာ ဘာကိစ္စလဲ"

ချန်ခေါ့က မေးလိုက်သည်။

"ဟို ...... ခင်ဗျား အိမ်မွေးတိရစ္ဆာန်လေးတွေကို သဘောကျလား"

"မကျဘူး။ ဘာဖြစ်လို့လဲ"

ချန်ခေါ့၏အဖြေက အလွန်ရှင်းလင်းပြတ်သားသည်။

"...... ခင်ဗျား ရေအရင်သွားချိုးလိုက်ပါလား။ ခဏနေ ညစာစားရင်း ပြောပြမယ်"

"အေးပါ။ မင်း အနားယူတဲ့ဧရိယာမှာ ခဏသွားထိုင်နေလိုက်"

ချန်ခေါ့က လှည့်ထွက်သွားပြီး ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ပြီးနောက် ရပ်တန့်သွားသည်။ သူသည် ကျန်းယွီသော်ကိုယ်တွင် ဒဏ်ရာရှိနေသည့်အခြင်းအရာကို နေသားကျသွာ၍နှင့်တူသည်၊ ကျန်းယွီသော်ဝင်လာသည့်အချိန်မှစ၍ တောက်လျှောက် လုံးဝသတိမထားမိဘဲ ယခုကျမှသာ ကျန်းယွီသော်ညာဘက်လက်ပေါ်တွင်စည်းထားသော ပတ်တီးကို မြင်သွားတော့သည်။

"မင်း လက်က ဒဏ်ရာရသွားတာလား"

ကျန်းယွီသော်က "အင်း" ဟု ပြန်ပြောလိုက်သည်။

ချန်ခေါ့က ထပ်မေးလာပြန်သည်။

"ဘယ်လို ထိသွားတာလဲ"

"ကျွန်တော့်ကိုယ်ပေါ်မှာ ဒဏ်ရာရှိတာ ဘာထူးဆန်းလို့လဲ။ လအတော်ကြာ ဆက်တိုက် ဒဏ်ရာမရတော့မှ ထူးဆန်းတာ"

ကျန်းယွီသော်က အနားယူသောဧရိယာဘက်သို့ လျှောက်သွားရင်း ရယ်ပြီးပြောလိုက်သည်။

ချန်ခေါ့က ကျန်းယွီသော်အား တစ်အောင့်ခန့်စိုက်ကြည့်နေလိုက်သည်။ ကျန်းယွီသော်၏ ထိုဒဏ်ရာမှစပြီး ကျန်းယွီသော်၏လှုပ်ရှားမှုအမူအကျင့်အထိ အားလုံးက အနည်းငယ်ထူးဆန်းနေသည်။ သို့သော် ချန်ခေါ့က ဆက်မမေးနေတော့ပေ။ ကျန်းယွီသော်က သူ့အားပြောပြချင်စိတ်မရှိနေမှန်း အရမ်းသိသာနေသည်။

အကယ်၍ လမ်းပေါ်တွင် ရန်ဖြစ်ကြသည့်ကိစ္စဆိုလျှင် ကျန်းယွီသော်က မိမိ ကျိန်းသေကို ပြောပြလိမ့်မည်။ ယမန်နေ့က သူ့လက်အောက်က သကောင့်သားတစ်ကောင် ပိုက်ဆံအလုခံရ၍ သူ့လူတွေကိုခေါ်သွားပြီး ဝိုင်းရှာပေးသည့်ကိစ္စကိုတောင် ဖုန်းထဲမှတဆင့် ရှောရှောရှူရှူနှင့် ပြောပြခဲ့သေးသည်။ ယခု ဤအပြုအမူအတိုင်းဆိုလျှင် "သူတို့" နှင့် ပတ်သက်နေ၍သာ ဖြစ်ရမည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now