အခန်း - ၉၀

1K 112 7
                                    

Chapter ● 90 ●

ချန်ခေါ့သည် ချုပ်တည်းထားခဲ့တာအထိတော့ မဖြစ်တန်ရာလို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းထင်နေခဲ့သည်။ သို့သော် ကိစ္စအတော်များများသည် သေချာတပ်အပ်ခန့်မှန်းရန် ခက်ခဲလှသည်။ နေ့ခင်းကြောင်တောင်တွင် ကျန်းယွီသော်ကို ခုတင်ပေါ်တွန်းလှဲလိုက်တော့မှ သူသည် တကယ်ကိုပင် စိတ်ချုပ်တည်းထားခဲ့ကြောင်းကို လက်ခံယုံကြည်လိုက်ရတော့သည်။ ထို့ပြင် အလွန့်အလွန်ကို ချုပ်တည်းထားခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သောလပိုင်းက ကွဲကွာနေခဲ့ရသော ထိုကြောင့်ကြပူပန်စိတ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျန်းယွီသော်အပေါ် "အတွေးရှိ" နေသော ပထမဆုံးရက်မှစပြီး ယခုအထိတောက်လျှောက် တမင်တကာရော အမှုမဲ့အမှတ်မဲ့ပါ အမြဲတမ်းစဉ်းစားနေမိ၍လည်း ဖြစ်ကောင်းဖြစ်နိုင်သည်... ...။

အတိုချုပ်ပြောရလျှင် ကိုယ်ခန္ဓာချင်း တင်းကျပ်စွာနီးကပ်သွားချိန်၊ ကိုယ်အပူချိန်များ ကျစ်လျစ်သိပ်သည်းသွားသည့်အခိုက်အတန့်တွင် ချန်ခေါ့သည် မိမိမှာတကယ်ကိုပင် စိတ်ချုပ်တည်းထားခဲ့ရကြောင်းကို အလွန်ရိုးသားအောက်ကျစွာ ဝန်ခံလိုက်တော့သည်။

မီးလျှံများတောက်လောင်နေသောအိုးကို ပွေ့ပိုက်ထားသကဲ့သို့သော ခံစားချက်မျိုးဖြစ်သည်။ မီးတောက်က ခန္ဓာကိုယ်အတွင်းထဲအထိ လောင်ကျွမ်းနေပြီး၊ ကိုယ်တွင်းအကြောအခြင်တစ်ခုချင်းစီအားလုံးကို ပူလောင်နေအောင် ရှို့မြိုက်နေကာ ခေါင်းစခြေဆုံးတစ်ကိုယ်လုံးက စွဲငြိနစ်မြောနေသည်။

ကျန်းယွီသော်က ဆန့်ကျင်ခုခံခဲ့ပုံရသည်။ သို့သော် ဆန့်ကျင်ခုခံသောပမာဏနှင့် ကြက်သေသေပြီး မှင်တက်နေသောပမာဏတို့ကို နှိုင်းယှဉ်ရမည်ဆိုလျှင် အဆပေါင်း ၈၀၀၀ ခန့် ကွာခြားနေလိမ့်မည်ထင်သည်။ နောက်ဆုံးတွင် ချန်ခေါ့လည်း သေချာမမှတ်မိတော့ပေ။ သို့သော် အသက်ရှူသံနှင့်အတူပါလာသော အင်တင်တင်နှင့်ဝန်လေးနေသည့် "အား ..." ဟူသည့် အသံကမူ ချန်ခေါ့၏အတွေးထဲတွင် တဝဲလည်လည်နှင့် ရစ်ပတ်စွဲကပ်နေသည်။

တက်ကျနိမ့်မြင့်စုံလင်သော နောက်ပိုင်းပင့်သက်ရှိုက်သံများကတောင် အနှီတိုတောင်းသောအသံလေးကို မယှဉ်နိုင်ပေ။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now