အခန်း - ၄၉

889 117 2
                                    

Chapter ● 49 ●

ကျန်းယွီသော်နှင့် ဖုန်းပြောသောကြာချိန်မှာ ထင်သလောက် မရှည်ကြာခဲ့ပေ။ မိနစ်ပိုင်းခန့်သာဖြစ်သည်။ ကျန်းယွီသော်က အပြင်သွားရင်း မြောင်ကိုပါ အတူခေါ်ဆောင်သွားပြီး တည်းခိုသည့်နေရာသို့ မပြန်ရသေးသောကြောင့် ချန်ခေါ့လည်း ဖုန်းပြောဆိုခြင်းကို အဆုံးသတ်လိုက်သည်။

သို့သော် ချန်ခေါ့သည် အစတုန်းက ဖုန်းခေါ်ဆိုခြင်း ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် အလံတလူလူလွှင့်ကြွေးကြော်ပြီး အရှက်မရှိသည့် ထိုလုပ်ငန်းကိစ္စကို ချက်ချင်းလုပ်ဆောင်နိုင်မည်ဟုထင်ခဲ့သည်။ သို့သော် မျက်နှာသွားသစ်ပြီး အိပ်ရာပေါ်တွင် လဲလျောင်းလိုက်ပြီးနောက် သူသည် သင့်တော်ပြီး သက်သောင့်သက်သာဖြစ်သော အနေအထားဖြစ်အောင် မလှဲရသေးမီ အသိတရားဆုံးရှုံးသွားခဲ့သည်။

ဘယ်လိုဖြစ်ပြီး သည်လောက်အထိ အိပ်ငိုက်သွားမှန်း သူလည်းမသိတော့ပေ။ ဝိုင်နှစ်ပုလင်းတည်းနှင့် အလုပ်ကြီးအကိုင်ကြီးတစ်ခုကို တကယ်ပင် လက်လျှော့နိုင်ခဲ့သည်။ အင်္ကျီတောင်မလဲဖြစ်ဘဲ ချန်ခေါ့သည် နောက်တစ်နေ့၏ နေ့လယ်ခင်းအထိ အိပ်ပျော်သွားခဲ့သည်။

ထုံးစံအတိုင်းပင် သူသည် ဆူညံနေသော ဗျောက်ဖောက်သံကြောင့် နိုးလာခြင်းဖြစ်သည်။ ချန်ခေါ့သည် ပြတင်းပေါက်နားတွင် ခဏရပ်နေလိုက်သည်။ ယနေ့တွင် နေသာပြီး ကောင်းကင်ကလည်း လင်းချင်းနေသည်။ သို့သော် ဝန်းကျင်တစ်ခွင်ကို မြင်နိုင်စွမ်းမှာ နိမ့်ပါးနေဆဲပင်။ ဘယ်နေရာ ဘယ်အရာကိုပဲ ကြည့်ကြည့် သဲတစ်လွှာ ဖုံးလွှမ်းထားသကဲ့သို့ဖြစ်နေသည်။

ဖုန်းသံ တစ်ချက်မြည်လာသည်။ ချန်ခေါ့သည် အလျင်အမြန်ပင် ခုတင်ခေါင်းရင်းဆီသို့ လှည့်သွားလိုက်ပြီး ဖုန်းကို ယူကြည့်လိုက်သည်။

အံ့သြစရာကောင်းစွာပင် ချန်ယိ၏ မက်ဆေ့ဖြစ်နေသည်။

ဤကဲ့သို့ မျှော်လင့်တကြီးဖြစ်နေရာမှ စိတ်ပျက်ရပြီး၊ ထိုမှတဆင့် စိတ်တိုရသော အပြောင်းအလဲ ဖြစ်ပေါ်ရန် တစ်စက္ကန့်တောင် အချိန်မယူလိုက်ရပေ။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now