Chapter ● 79 ●
ကော်ဖီဆိုင်မှထွက်လာသောအခါ အုံ့ဆိုင်းမှုန်မှိုင်းနေသော မိုးကောင်းကင်က မိုးဖွဲဖွဲလေး ရွာချလာတော့သည်။
"နည်းနည်းအေးသွားတယ်မလား။ မိုးရွာတာက နှင်းကျတာထက်ကို အေးတာပဲ"
ကျန်းယွီသော်က ကောင်းကင်ကိုမော့ကြည့်ရင်း ဆိုသည်။
ချန်ခေါ့သည် အနွေးထည်ဇစ်ကို ဆွဲတင်လိုက်ပြီး -
"ရပါသေးတယ်။ ကားငှားပြန်ကြမလား"
"ဘတ်စ်ကားစီးလို့ရလား။ ကျွန်တော် ဘတ်စ်ကားမစီးရတာကြာပြီ"
"ရတာပဲ။ ဒီနားမှာ ဘတ်စ်ကားမှတ်တိုင်ရှိလား"
ချန်ခေါ့က ဘေးဘီနှစ်ဖက်နှစ်ချက်ကိုကြည့်လိုက်သည်။
"ရှေ့နားမှာတင်ပဲ"
ကျန်းယွီသော်က ချန်ခေါ့ကိုခေါ်ပြီး လမ်းအတိုင်း ရှေ့သို့ ဆက်လျှောက်သွားသည်။
ဘယ်လောက်အဝေးကြီးမှ မသွားရသေးမီ ဘတ်စ်ကားမှတ်တိုင်တစ်ခုကို တွေ့လိုက်ရသည်။ နှစ်ယောက်သားသည် မှတ်တိုင်အမိုးအောက်တွင်ဝင်ရပ်လိုက်ပြီး ဘာစကားမှ မဆိုဖြစ်ကြပေ။
ချန်ခေါ့က အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။
နွေဦးအစောပိုင်းတွင်ရွာသောမိုးရနံ့သည် အခြားသောဥတုရာသီတွင် ရွာသွန်းသော မိုးရနံ့နှင့်မတူပေ။ အေးမြပြီး မှိန်ဖျော့သောမြေသင်းနံ့လည်း အနည်းငယ်ပါဝင်သည်။ ယခုကဲ့သို့သော မိုးအုပ်တိမ်ထူသောနေ့တွင်ပင် မြောက်လေက တိုက်ခတ်နေသေးသည်။ စိုစွတ်စွတ်ဖြစ်နေသော မြေပြင်၊ လမ်းသွားလမ်းလာများ၏ထီးများ၊ ဆံပင်များ၊ အစရှိသည်တို့အားလုံးအပေါ်တွင် အလင်းရောင်ခပ်ရေးရေးလေးက ထင်ဟပ်တောက်ပနေသည်။
"ကျွန်တော် ဒီမှာ တစ်နှစ်နေဖူးတယ်"
"ဟုတ်လား"
ကျန်းယွီသော်က ဤအကြောင်းများပြောပြလာမည်ဟု ချန်ခေါ့ ထင်မထားခဲ့ပေ။ ထို့ကြောင့် ကြက်သေသေသွားသည်။
"တခြားကလေးတစ်ယောက်နဲ့အတူ နေခဲ့ဖူးတာ။ အစ်မလော်က ကျွန်တော်တို့ကို ကူညီပေးချင်နေတာ"
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
Tiểu Thuyết Chungဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe