အခန်း - ၅၄

851 120 4
                                    

Chapter ● 54 ●

ကားဆရာက ကားပေါ်မှဆင်းလာပြီးနောက် အပင်များကို သယ်ချနေသည်။ ကျန်းယွီသော်က ကားနောက်ခန်းဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ အပင်အိုးများက တော်တော်ကြီးသည်။ ယခင်တစ်ခေါက်က လူချန့်အား သူသွားဝယ်ပေးရသည့်အပင်များထက် အများကြီးပို၍ ကြီးမားသည်။ ကျန်းယွီသော်သည် ဝိုင်းကူသယ်ပေးရန် လုပ်လိုက်သည်။

ခြေတစ်လှမ်းသာ လှမ်းလိုက်ပြီးနောက် လင်ရွှိ၏ အံ့သြတကြီးမေးလိုက်သံကို ကြားလိုက်ရသည်။

"ချန်ကော၊ လက်က ဘာဖြစ်တာလဲဟင်"

ကျန်းယွီသော်သည် အချိန်ကို ခပ်သွက်သွက်ပင် တွက်ချက်ကြည့်လိုက်သည်။ လင်ရွှိ ကားပေါ်မှဆင်းလာချိန်မှစ၍ ယခုအချိန်အထိမှာ စက္ကန့် ၃၀ ခန့် ကြာသွားပြီဖြစ်သည်။ ချန်ခေါ့၏လက်ပေါ်မှ ဒဏ်ရာသည် အတော် ထင်ထင်ရှားရှားရှိလှသော ဒဏ်ရာဖြစ်သည်။ သို့တိုင်အောင် လင်ရွှိက သည်လောက်တောင် ကြာသွားပြီးမှ မြင်လိုက်သည်။

လင်ရွှိက ချန်ခေါ့အပေါ် မိမိထင်ထားသလောက် အာရုံသိပ်မရှိနေတာများလား။

သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း မင်္သကာစရာကတော့ ကောင်းနေသေးသည်။

သာမန်လူတစ်ယောက်ဆိုလျှင် တစ်ခါတည်း တန်းမြင်နိုင်သည့် ဒဏ်ရာကို လင်ရွှိလည်း မြင်ချင်မြင်လိမ့်မည်။ ဘာကြောင့် သည်လောက်အချိန်ကြာသွားတော့မှ အခုမှမြင်ပြီးအံ့သြတဲ့ပုံစံလို မေးရတာလဲ။

ကျန်းယွီသော်သည် လင်ရွှိအား လှည့်ကြည့်လိုက်သည်။

"သတိမထားမိဘဲ လဲကျသွားလို့။ ဘာမှမဖြစ်ပါဘူး၊ တစ်လလောက်နေရင် သက်သာပြီ"

"ကျွန်တော်အရင်က မြင်းစီးရင်း တစ်ခါပြုတ်ကျဖူးတယ်။ ခံရခက်တာမှ တော်တော်ဆိုးဆိုးပဲ။ ဘာလုပ်လုပ် လုံးဝကို အဆင်မပြေတော့တာ"

လင်ရွှိက ကိုယ့်လက်မောင်းကိုပုတ်ပြီး ပြောသည်။

ချန်ခေါ့က လက်ကို လှုပ်ယမ်းပြလိုက်သည်။

"မဆိုးတော့ မဆိုးပါဘူး။ ခြေထောက်အရိုးကျိုးတာထက်တော့ နည်းနည်းပိုသာတယ်"

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now