Chapter ● 19 ●
ကျန်းယွီသော်မှာ ချန်ခေါ့၏ အသားကုန် အော်ဟစ်ပြောသံကြောင့် အလန့်တကြားဖြစ်သွားကာ အတော်ကြာမှ အသိပြန်ဝင်လာသည်။
"ငိုးတဲ့မှပဲ"
ချန်ခေါ့က ကျန်းယွီသော်ကို အဖက်မလုပ်ဘဲ ဖုန်းကိုကြည့်နေသည်။
"နောက်ဆို ကျွန်တော့်ကို အဲဒီလိုလေသံနဲ့ စကားပြောတာ နည်းနည်းသတိထား။ ဒီမှာ ဘယ်မြေနိုးမှ ကျွန်တော့်ကို အဲဒီလိုလေသံနဲ့ လာမပြောရဲဘူး"
"ငါကလည်း ဒီကမှ မဟုတ်တာ"
ချန်ခေါ့လည်း စိတ်တိုစွာ ပြန်ပြောသည်။
ကျန်းယွီသော်က မျက်မှောင်တွန့်သွားကာ ချက်ချင်းပြန်လည်ချေပရန် စကားရှာမတွေ့ဘဲဖြစ်သွားသည်။ သို့နှင့် ချန်ခေါ့ကြည့်နေသော ဖုန်းကို ခေါင်းစောင်းကြည့်လိုက်သည်။
.
ချန်ခေါ့၏ လက်ကိုင်ဖုန်းမှာ အလွန်ပျင်းစရာကောင်းသည်။ ကျန်းယွီသော်သည် ဟိုစာမျက်နှာ ဒီစာမျက်နှာကိုသာ အပြန်ပြန်အလှန်လှန် ဖွင့်နှိပ်နေပြီး၊ App တစ်ခုထဲဝင် ချက်ချင် ပြန်ထွက်၊ နောက် App တစ်ခုထဲ ထပ်ဝင်ပြီး ထပ်ထွက်လုပ်နေသော ချန်ခေါ့၏ ဖုန်းကို လှမ်းကြည့်နေသည်။
ဖုန်းထဲတွင် ဂိမ်းတစ်ခုမှ မရှိသလို စိတ်ဝင်စားစရာကောင်းသော App လည်း မရှိပေ။ ချန်ခေါ့သည် တက္ကစီကားငှားသော App နှင့် GPS App ထဲတောင် ဝင်ကြည့်ပြီး ချက်ချင်းပြန်ထွက်လိုက်သေးသည်။
အနှီဖုန်းမှာ ကျန်းယွီသော် မြင်ဖူးသမျှထဲတွင် ငြီးငွေ့စရာနှင့်ပျင်းရိစရာအကောင်းဆုံးဖုန်းသာ ဖြစ်နေတော့သည်။ ဖုန်းဆက်ရန်နှင့် မက်ဆေ့လက်ခံရန်အပြင် တခြား ဘာမှအသုံးမဝင်သော ဖုန်းတစ်လုံးဟုတောင် ခံစားလိုက်ရသည်။
.
ချန်ခေါ့က ကျန်းယွီသော်အား တစ်ချက်ဝေ့ကြည့်လိုက်သည်။
"တခြားလူရဲ့ဖုန်းကို ဒီလိုမျိုးကြည့်နေတာဟာ အရမ်းယဉ်ကျေးမှုမရှိဘူးဆိုတာ မင်းမသိဘူးလား"
"ခင်ဗျား ဒီဖုန်းကို တခြားလူကြည့်မှာ စိုးရိမ်နေသေးတာလား။ ဘာကြည့်စရာမှမရှိနေတာကို။ ကျွန်တော့်ကို လာပေးကြည့်ရင်တောင် ကြည့်ဖို့ပျင်းသေးတယ်၊ သိဖို့ ..."
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
Ficción Generalဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe