အခန်း - ၅၈

897 111 7
                                    

Chapter ● 58 ●

ကျန်းယွီသော်သည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုလိုက်သည်။ မျက်စိတစ်ဆုံးမြင်နိုင်သော မြင်ကွင်းထဲတွင် ချန်ယိတို့ကို မတွေ့ရတော့ပေ။ ချန်ခေါ့ပြောခဲ့သကဲ့သို့ သူတို့အမေသည် နဂိုကတည်းက ဤကဲ့သို့စည်ကားဆူညံနေသောနေရာကို သဘောမကျတာကြောင့်လည်းဖြစ်နိုင်သည်။ ထိုအပေါ်တွင်မှ သားကြီး၏တိုက်ခန်းပိုင်ရှင်က ရည်းစားကောင်လေးအဖြစ်ပြောင်းလဲသွားသည်ကို ရုတ်တရက်တွေ့လိုက်ရသည့်အပြင် သားငယ်နှင့်လည်း စကားများသွားသေးသည်။ သို့နှင့် ပြန်သွားလိုက်သည်။

သို့သော် ရင်ပြင်သို့ ရောက်လာခါစက ကျန်းယွီသော်လည်း အသားမကျနေပေ။ လူများလွန်းသည်။

ပွဲတော်ကာလကဲ့သို့ အရေးပါသောနေ့ရက်များတွင် သာမန်အားဖြင့် သူတို့က ထွက်ပေါ်လာလေ့မရှိသော်လည်း လူထူထပ်များပြားသောပတ်ဝန်းကျင်က အမြဲတမ်းပင် သူ့အား စိတ်ပူပန်လှုပ်ရှားစေသည်။ ယခင်က ချန်ချင့်နှင့် လာဖူးစဉ်က ဧရိယာအတိုင်းအတာမှာ ဤမျှလောက်မကြီးမားပေ။ သူတို့နှစ်ယောက်ကလည်း ကွင်းအပြင်ဘက်တွင် လှည့်လည်လျှောက်သွားခဲ့ပြီး၊ မီးပုံးဝယ်၊ အကင်စားခဲ့ရုံသာရှိသည်။

ယနေ့တွင် ချန်ယိအား ရှောင်ရှားရန် သူသည် ချန်ခေါ့နှင့်အတူ မရေတွက်နိုင်သော လူများကြားနှင့် အမျိုးမျိုးသော မြင်ကွင်းကို ပိတ်ကွယ်သည့် မီးပုံးများကြားထဲမှ ဖြတ်သန်းခဲ့ရသည်။ သူသည် တောက်လျှောက်ပင် စိတ်လေးလံတင်းကျပ်နေခဲ့သည်။

သူတို့သည် ဒီနေ့လို နေ့များတွင် ပေါ်လာလေ့မရှိပေ။ သို့သော် ထူထပ်များပြားလွန်း၍ တစ်ယောက်ချင်းစီလိုက်မကြည့်နိုင်သောလူအုပ်က သူ့အား အသက်ရှုပ်စေသည်။ ကံအားလျော်စွာ သူ၏အာရုံစူးစိုက်မှုသည် အချိန်တော်တော်များများတွင် ချန်ခေါ့၏ ကျောက်ပတ်တီးစည်းထားသောလက်ပေါ်၌ စုစည်းနေခဲ့သည်။ ချန်ခေါ့က သူ့အား မီးပုံး အထူးသဖြင့် ကြောင်ပုံမီးပုံး ဝယ်ပေးလိုက်ပြီးနောက် ကျန်းယွီသော်၏တင်းကျပ်နေသောစိတ်က ပို၍ပြေလျော့ပေါ့ပါးသွားသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now