အခန်း - ၆၄

864 98 2
                                    

Chapter ● 64 ●

ချန်ခေါ့က ထိုမက်ဆေ့ကို ပို့လာပြီး ချက်ချင်းပြန်ဖျက်လိုက်ချိန်တွင် ကျန်းယွီသော်၏ဖုန်းမျက်နှာပြင်မှာ ပိတ်ကျမသွားသေးပေ။

အကယ်၍ ချန်ခေါ့ကသာ စက္ကန့်ပိုင်းအတွင်း ချက်ချင်းပြန်မဖျက်လိုက်လျှင် ကျန်းယွီသော်သည်လည်း သည်လောက်မြန်မြန်ဖြင့် သတိထားမိမည်မဟုတ်ပေ။

မင်းကို သတိရနေတာမို့လို့။

ကျန်းယွီသော်က ထိုစာကြောင်းကို မြင်လိုက်ချိန်တွင် ထိုစာကြောင်းက ပြန်ဖျက်ပစ်ရန်ထိုက်တန်သောစာကြောင်းဖြစ်သည်ဟု လုံးဝမထင်မိပေ။ သူသည်လည်း ချန်ခေါ့ကို သတိတရရှိခဲ့သည်။ လွမ်းသည်။ နှစ်သစ်ကူးကာလတွင် သူသည် ချန်ခေါ့၏ ဝီချက် Moments ကို တောက်လျှောက် စောင့်ကြည့်ခဲ့သည်။ ချန်ခေါ့ပို့လာမည့်မက်ဆေ့ကို စောင့်နေခဲ့သည်။ ဆိုင်သို့သွားပြီး ချန်ခေါ့အား အလုပ်တစ်ခုခု ဝိုင်းကူလုပ်ပေးချင်ခဲ့သည်။

အကြောင်းမှာ သူသည် ချန်ခေါ့နှင့်အတူ တစ်နေရာတည်းတွင် အချိန်ကိုဖြတ်သန်းလို၍ဖြစ်သည်။

အတူတူမရှိနေချိန်တွင် သူသည်လည်း ချန်ခေါ့ကို လွမ်းတတ်သည်၊ သတိရတတ်သည်။

ချန်ခေါ့အား စာပြန်ပို့လိုက်ပြီးတော့မှ ကျန်းယွီသော်သည် အနည်းငယ် လန့်ဖျပ်သလိုဖြစ်သွားသည်။ ထိုစာကြောင်း၏အဓိပ္ပါယ်မှာ သူထင်ထားသကဲ့သို့ ရိုးရှင်းနေခြင်းမရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်နေသည်။

မင်းကိုသတိရတယ်။

ချန်ချင့်သည်လည်း အလားတူစကားမျိုးကို ပြောဖူးသည်။ မကြာခဏကို ပြောဖူးခဲ့သည်။

စန်းကော၊ ထမင်းအတူတူသွားစားရအောင်။ မင်းကိုသတိရနေပြီ။

စန်းကော၊ ထွက်လာပြီး ဟိုဟိုဒီဒီလျှောက်သွားကြရအောင်။ မင်းနဲ့မတွေ့ဖြစ်တာ ရက်ပိုင်းလောက်ရှိပြီ။ သတိရနေပြီ။

ဘယ်လိုပုံစံဖြင့် ပြောလာသည်ပင်ဖြစ်စေကာမူ၊ ထိုစကားများမှာ ချန်ခေါ့ပြောလာသော ထိုစာကြောင်းနှင့် မတူဘူးဟု ကျန်းယွီသော်က ခံစားနေရသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now