အခန်း - ၈၆

797 94 2
                                    

Chapter ● 86 ●

ကျန်းယွီသော် ထွက်ပြေးသွားသော (၄) ရက်မြောက်နေ့၊ သူ့ကို သေအောင်လုပ်ပစ်ချင်သည်။

မြောင်အတွက် အိမ်သာသဲ လဲလှယ်ပေးချိန်တွင် ချန်ခေါ့သည် စိတ်နှင့်ကိုယ်မကပ်နေခဲ့ပေ။ ထို့ကြောင့် ကြမ်းပြင်တစ်ပြင်လုံး သဲများဖြင့်ပေကျံရှုပ်ပွသွားသည်။

ချန်ခေါ့က သက်ပြင်းချလိုက်ပြီး -

"မင်းကို ချန်ချင့်အိမ်မှာပဲ သွားထားလိုက်တော့မယ်လေ။ မင်းကိုပြုစုရတာ အရမ်းအာရုံနောက်ဖို့ကောင်းတယ်"

ဆိုဖာပေါ်တွင်ရှိနေသောမြောင်က ပျင်းကြောတစ်ချက်ဆန့်လိုက်သည်။

"မင်းအစ်ကိုက ဘယ်တော့ပြန်လာမလဲမသိဘူး။ ပြောရမယ်ဆိုရင် ... ... ပြန်မလာတော့တာမျိုးလည်း ဖြစ်နိုင်တယ်"

ချန်ခေါ့သည် ကြမ်းပြင်ပေါ်မှ ကြောင်အိမ်သာသဲများကို လှည်းကျင်းလိုက်ပြီးနောက် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

"အိမ်မွေးတိရစ္ဆာန်လေးတွေကို ငါအရမ်းကြီးသဘောကျနေတာမဟုတ်ဘူး။ ငါက တော်တော်လေးလည်း မေတ္တာတရားမရှိတဲ့လူ"

မြောင်က သူ့ကျောပေါ်သို့ခုန်တက်လိုက်ပြီး ထိုအတိုင်းလိုက်ကာ ပခုံးပေါ်သို့ကုတ်တွယ်တက်လိုက်သည်။

"သူ့သတင်းတွေ ဘာမှမကြားရဘူး"

ချန်ခေါ့က ဖုန်းကိုလှမ်းယူကာ ဖွင့်လိုက်ပြီး၊ ကျန်းယွီသော်၏ဖုန်းနံပါတ်ကို အကျင့်ပါစွာဆက်လိုက်သည်။ "လူကြီးမင်းခေါ်ဆိုသော" ကို ကြားရချိန်တွင် သူသည် ဖုန်းချလိုက်သည်။

"မင်းအထင် သူအဝေးကြီးကိုမသွားဘဲ အနီးအနားမှာပဲ ပုန်းနေလောက်မလား"

ပြတင်းပေါက်အပြင်ရှိ သစ်ပင်ပေါ်တွင် နေရောင်ထက်တောင်တောက်ပသော စိမ်းလမ်းစိုပြေနေသည့် ရွက်နုအပြင်လိုက်အခင်းလိုက်ကို မြင်နေရပြီဖြစ်သည်။ ချန်ခေါ့သည် ပြတင်းပေါက်လိုက်ကာနောက်တွင်ရပ်ပြီး ပတ်ဝန်းကျင်တစ်ခွင်ရှိ လူပုန်း၍ရသော ထောင့်ချိုးထောင့်ကွေ့များအားလုံးကို ပိုက်စိပ်တိုက်လိုက်ကြည့်လိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now