အခန်း - ၅၀

1K 120 5
                                    

Chapter ● 50 ●

အကယ်၍ ယခုသာ လွန်ခဲ့သော တစ်လခန့်ကအချိန်ဆိုပါက၊ ပုံမှန်အချိန်သာဖြစ်ပါက၊ ချန်ခေါ့တစ်ယောက် မည်မျှပင် အရိုင်းဆန်သော စိတ်ကူးယဉ်အိပ်မက်ကို မက်ချင်နေသည်ဆိုဦးတော့၊ ကျန်းယွီသော်၏ ထိုအပြုအမူအသေးလေးတစ်ခုက ချန်ခေါ့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုမှ ရှိမည်မဟုတ်ပေ။ အလွန်ဆုံးမှ ရင်ထဲတွင် လှုပ်ခတ်သွားပြီးနောက် စိတ်ထဲတွင် သည်းမခံနိုင်ဖြစ်သွားလောက်မည်။

သို့သော် ယခုတွင် ချန်ခေါ့သည် ကျန်းယွီသော်အား မတွေ့ဖြစ်သည်မှာ အလွန်ကြာခဲ့ပြီဖြစ်ကာ၊ ဗြုန်းစားကြီးမြင်လိုက်ရသောအခါ ငေးတိငေးမောဖြစ်သွားခဲ့ရသည်။ ထို့နောက်တွင် ဤကဲ့သို့သော အပြုအမူမျိုးနှင့် ရုတ်တရက် ကြုံဆုံသွားလိုက်သေးသောကြောင့် ချန်ခေါ့သည် ဘယ်နေရာကိုထိရှသွားမှန်းမသိဘဲ တယိမ်းတယိုင်ဖြစ်သွားတော့သည်။

ကျန်းယွီသော်ကမူ ဘာမှမဖြစ်ခဲ့သည့်ပုံစံဖြင့် စိတ်အခြေအနေကလည်း တော်တော်လေးကို သာယာနေပုံပေါက်သည်။ မဟုတ်လျှင်လည်း ချန်ခေါ့ကို ထိုကဲ့သို့ မေးစေ့ကိုလက်ညှိုးနှင့် တောက်ခြင်းကို ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ယခုတွင် ချန်ခေါ့က ယိမ်းယိုင်သွားသည်ကိုကြည့်ပြီး အူမြူးနေပုံနှင့် ပြောလာသည်။

"ကျွန်တော့်အတွင်းအားက တော်တော်ကောင်းနေပြီပဲ။ လက်ညှိုးတောက်သိုင်းကို လေ့ကျင့်တာ အောင်မြင်သွားပြီထင်တယ်"

"ပါးစပ်ပိတ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်စမ်းပါ"

ကျန်းယွီသော်က တစ်အောင့်ခန့်ရယ်နေလိုက်ပြီးမှ အရယ်ရပ်သွားသည်။

"ခင်ဗျားလည်း နှစ်သစ်ကူးတုန်းက တစ်ယောက်တည်းပဲလား"

"အင်း။ တစ်ယောက်တည်းမဟုတ်ရင် အိမ်ပြန်ရမှာလား။ ချန်ယိက ငါ့ကို ပေးမပြန်ဘူးလေ"

ချန်ခေါ့က ခေါင်းညိတ်ဖြေလိုက်သည်။

ကျန်းယွီသော်က ချန်ခေါ့ကို တစ်ချက်ကြည့်လိုက်သည်။

"ခင်ဗျားကိုပေးမပြန်ဘူးလို့ သူပြောလို့လား"

"မပြောပါဘူး။ ငါ့ကို ပြန်သွားဖို့တောင် သူခေါ်နေတာ"

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now