အခန်း - ၆၆

789 112 4
                                    

Chapter ● 66 ●

"ဖုန်းအဝင်အထွက်စာရင်းကို အရင်မကြည့်တော့ဘူးလား"

ကျန်းယွီသော်က ထိုလူ၏ဖုန်းကိုယူလိုက်ပြီး မွှေနှောက်ရှာဖွေကြည့်နေသည်။

"ချန်ယိက ဒီလူကို သူနဲ့တိုက်ရိုက်ဆက်သွယ်ခိုင်းမှာမဟုတ်ဘူး။ တစ်ယောက်ယောက်ကို ခိုင်းပြီးစီစဉ်ခိုင်းမှာ အသေအချာပဲ။ အားလုံးက သူနဲ့ဘာမှမဆိုင်သလိုမျိုးလုပ်ထားမှာ"

"ဒါဆို ခင်ဗျား သူနဲ့ ဘယ်လိုရှင်းမှာလဲ။ သက်သေလည်း မရှိတာကို"

ကျန်းယွီသော်က ထိုဖုန်းကို ချန်ချင့်အား ပစ်ပေးလိုက်ပြီး ဆက်ပြောသည်။

"ဒီထဲက ဓါတ်ပုံတွေကို ပရင့်သွားထုတ်လိုက်"

"သက်သေရှိဖို့မလိုဘူး။ ဒီလိုအချိန်မျိုးမှာ သက်သေဆိုတာ ငါက သူလို့ပြောရင် သူပဲ။ ဘယ်သူပဲ မဟုတ်ဘူးလို့ပြောပြော အသုံးမဝင်ဘူး"

ကျန်းယွီသော်က ချန်ခေါ့အားကြည့်ပြီး စကားမဆိုပေ။

ဖုန်းထဲမှ ဖုန်းဝင်သွားသော တီးလုံးသံကို ကြားနေရသည်။ ချန်ခေါ့၏ အသက်ရှူသံသည် ထိုတီးလုံးသံနှင့်လိုက်ပြီး အနည်းငယ်မချောမွေ့သလိုဖြစ်နေသည်။ သူသည် အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ လက်က အနည်းငယ်တုန်ယင်နေသည်။ ဒေါသကြောင့်လား သို့မဟုတ် အေးစိမ့်မှုကြောင့်လားတော့ သူလည်း မသိပေ။

သူသည် ကားထဲတွင် ရုန်းကန်ပြီး ကျိန်ဆဲနေသော ထိုလူများကိုကြည့်နေသည်။ ဖုန်းကိုင်ထားသောလက်ကိုလည်း အားထပ်ထည့်ကာ ဖုန်းကို ခပ်တင်းတင်းဆုပ်လိုက်သည်။ နောက်ထပ်အနည်းငယ် အားထပ်ထည့်လျှင် ဖုန်းက အညှစ်ခံရပြီး ပေါက်ကွဲသွားလောက်မည်ထင်သည်။

တစ်ဖက်က ဖုန်းကိုင်လိုက်ချိန်တွင် ထွက်ပေါ်လာသောအသံမှာ ချန်ယိ၏အသံမဟုတ်နေဘဲ အမျိုးသမီးတစ်ယောက်အသံဖြစ်နေသည်။

"ပထမသခင်လေး၊ မင်္ဂလာပါ။ ဒုတိယသခင်လေးက အခု အစည်းအဝေးလုပ်နေပါတယ်။ ဖုန်းကို ယူမသွားပါဘူး"

ထိုအမျိုးသမီး၏အသံထဲတွင် အံ့အားသင့်သောလေသံက ပါးပါးလေးပါဝင်နေသည်။ ကြည့်ရသည်မှာ ချန်ယိ၏ဖုန်းမှတဆင့် မိမိ၏ဖုန်းကိုလက်ခံပြောဆိုရန် မျှော်လင့်ထားပုံမရခြင်းကြောင့် ဖြစ်လိမ့်မည်ထင်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now