Chapter ● 65 ●
ချန်ချင့်၏ ဤကားလေးသည် မည်သည့်နေရာတွင်မဆို အဆင်ပြေလှသည်။ အလွယ်တကူ ကြားဖြတ်တိုးဝင်နိုင်သည်၊ အလွယ်တကူလည်း ပါကင်ထိုး၍ရသည်။ ကားပေါ်တွင်လည်း တီဗွီစခရင်လေးတစ်ခု တပ်ဆင်ထားသေးသည်။ USB drive ထိုးလိုက်လျှင် ရုပ်ရှင်လည်း ကြည့်နိုင်သည်။ သို့သော် ရွေ့လျားနှုန်းကတော့ အဆင်မပြေလှပေ။
ချန်ခေါ့အတွက် ပန်ကိတ်နှင့် ပဲနို့တစ်ခွက်ဝယ်ပေးလိုက်ပြီးနောက် ဆိုင်သို့သွားရာ တစ်လမ်းလုံးတွင် လမ်းမပိတ်ဘဲ ချောင်ချိနေသည်။ သို့သော် ချန်ခေါ့တို့ဆိုင်သို့ ကျန်းယွီသော်ရောက်သွားချိန်တွင် ချန်ချင့်နှင့် သာ့ပင်းတို့က ဆိုင်သို့ ရောက်နှင့်နေပြီဖြစ်သည်။
သို့တိုင်အောင် သူသည် ဘယ်သူ့ကိုမှ မတွေ့ရပေ။ ဆိုင်ထဲဝင်လာသောအခါ ဘားကောင်တာဘေးနားတွင် ထိုင်နေသော ချန်ခေါ့ကို မြင်လိုက်ရသည်။ သူဝင်လာသည်ကိုမြင်သည်နှင့် ချန်ခေါ့က မေးလာသည်။
"ချန်ချင့်နဲ့သာ့ပင်းတို့က ဘယ်လိုဖြစ်လို့ ရောက်လာကြတာလဲ"
ကျန်းယွီသော်က စားစရာများကို စားပွဲပေါ်တွင် တင်လိုက်သည်။
"ကျွန်တော် လာခိုင်းလိုက်တာ။ ခင်ဗျားအရင်စားလိုက်လေ။ မနက်စာဆိုတော့ မနက်စာတွေပဲ ဝယ်ခဲ့လိုက်တယ်"
"လခွမ်း၊ အကြီးကြီးပဲ။"
ချန်ခေါ့က ပန်ကိတ်ကို ယူကိုင်လိုက်ပြီး ပြောလိုက်ခြင်းဖြစ်သည်။
"အလုံအလောက်ဖြစ်တယ်။ အရသာလည်း ကောင်းတယ်။ သူတို့ဆိုင်က နေ့လယ်အထိ ရောင်းနိုင်နေတာ အကြောင်းမဲ့တော့မဟုတ်ဘူး"
ကျန်းယွီသော်က ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ မှန်တံခါးမှတဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ လက်ရှိတွင် ဆိုင်ထဲ၌ မီးဖွင့်ထားခြင်းမရှိပေ။ အပြင်ဘက်သို့လှမ်းကြည့်လိုက်လျှင် အလွန်သေချာပြတ်သားစွာ မြင်နေရသည်။ သို့သော် အပြင်ဘက်မှ အတွင်းထဲသို့ကြည့်လျှင်မူ ဘာမှမြင်ရမည်မဟုတ်ပေ။
ချန်ခေါ့က ပန်ကိတ်ကို တစ်ကိုက်ကိုက်လိုက်သည်။
"သူတို့ကို ဘာလုပ်ဖို့ လာခိုင်းလိုက်တာလဲ"
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
Tiểu Thuyết Chungဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe