အခန်း - ၅၅

941 115 3
                                    

Chapter ● 55 ●

အမှန်တကယ်တွင် ယနေ့ လင်ရွှိလာမေးချိန်၌ လင်ရွှိသည် ရိပ်ဖမ်းသံဖမ်းဖြင့် မရေရာစွာမေးလိုက်ခြင်းဖြစ်သည်။ သို့သော် လင်ရွှိသည် နဂိုကတည်းက သူ၏စိတ်ခံစားချက်ကို ဖုံးကွယ်ဖွက်သိမ်းထားတတ်သူမဟုတ်သောကြောင့်သာ၊ ဘယ်လိုပင် မသိသာအောင် မေးပါစေဦးတော့၊ ချန်ခေါ့ကလည်း လင်ရွှိမေးလိုသော ဆိုလိုရင်းကို သဘောပေါက်သွားနိုင်ခြင်းဖြစ်သည်။

ကျန်းယွီသော်ဖြေခဲ့သောအဖြေကို ချန်ခေါ့က ခန့်မှန်းလိုက်ခြင်းသာဖြစ်ပြီး၊ မိမိကိုလာမေးစဉ်က လင်ရွှိ၏အမူအရာအရ ကြည့်ရသည့်ပုံမှာ ဤမေးခွန်းကို လင်ရွှိက ကျန်းယွီသော်အား ကျိန်းသေပေါက် အရင်မေးလိုက်ခြင်းသာဖြစ်ရမည်ဟု ချန်ခေါ့ ယူဆလိုက်သည်။ အကယ်၍ ကျန်းယွီသော်ဆီမှ သေချာသောအဖြေတစ်ခုရလိုက်လျှင် လင်ရွှိက မိမိအား လုံးဝထပ်မေးဖြစ်မည်မဟုတ်လောက်ပေ။

လင်ရွှိက မိမိကိုလာရောက်မေးမြန်သည်ကိုကြည့်ခြင်းအားဖြင့် ကျန်းယွီသော်က သူ့အား မရေရာမပြတ်သားသော အဖြေတစ်ခုပေးလိုက်ခြင်းဖြစ်ကြောင်း သိသာနေသည်။

သို့သော်လည်း ချန်ခေါ့က "မဟုတ်ဘူး" ဟု ဖြေလိုက်ပြီးတော့မှ တဖြည်းဖြည်းနှင့် ပြန်လည်စဉ်းစားသုံးသပ်မိသည်။ ကျန်းယွီသော်၏အဖြေသည် သူ၏စိတ်ကူးတို့ကို အရိုင်းဆန်မှုထဲရောက်အောင် တွန်းပို့ပေးနေသည်။

သူ့ကို သူငယ်ချင်းအဖြစ်သတ်မှတ်ထားသောအကြောင်းပြချက်ကြောင့် သူ့အား မရွံရှာမစက်ဆုပ်သော ကျန်းယွီသော်ကို သူနားလည်းထားပုံအရ ကျန်းယွီသော်သည် လင်ရွှိမေးမြန်းခဲ့သော ထိုအလားတူမေးခွန်းအား ထိတ်လန့်တကြီးဖြင့် စဉ်းတောင်မစဉ်းစားဘဲ ချက်ချင်း ငြင်းချက်ထုတ်မည့်သူဖြစ်သည်။ မခံမရပ်နိုင်ဖြစ်ပြီး မကျေမနပ်စိတ်တောင် ဖြစ်လောက်မည်ထင်သည်။ ဥပမာအားဖြင့် သူက ချစ်စရာကောင်းသောအချောလေးမဟုတ်ပါဘဲနှင့် အဘယ့်ကြောင့် သူ့ကို ချန်ခေါ့၏ကောင်လေးလို့ ထင်ရတာလဲ၊ ကဲ့သို့သောအတွေးမျိုး...။

သို့သော် ကျန်းယွီသော်၏အဖြေမှာ သိသာစွာပင် ထိုကဲ့သို့ယတိပြတ်ငြင်းလိုက်ခြင်း မဟုတ်ခဲ့ပေ။ မဟုတ်သည့်အပြင် လင်ရွှိအား တွေးတောစိတ်ကူးရန်လည်း လမ်းကြောင်းချပေးခဲ့သေးသည်။ နည်းနည်းပိုသာအောင် ချဲ့ကားပြောဆိုရလျှင် အရိပ်အမြွက်ပေးလိုက်သည်ဟုတောင် သတ်မှတ်၍ရသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now