အခန်း - ၁၇

994 122 6
                                    

Chapter ● 17 ●

တစ်ဖက်တွင် လိင်တူတိမ်းညွတ်သူတစ်ယောက်ကို နှာဘူးတစ်ယောက်လိုအထင်ရောက်နေပြီး၊ တခြားတစ်ဖက်တွင်မူ ထိုနှာဘူး၏ဘဝအစိတ်အပိုင်းကို စူးစမ်းလေ့လာလိုသော ကျန်းယွီသော်ကဲ့သို့ စပ်စုစိန်လူသားများကို ချန်ခေါ့မကြာခဏတွေ့ကြုံဖူးသည်။

ကျန်းယွီသော်က မိမိအား နှာဘူးဟု အထင်ရှိမရှိကို မသေချာသော်လည်း စပ်စုလိုစိတ်၊ သိချင်စိတ်က ပြင်းပြနေမည်မှာ အသေအချာပင်ဖြစ်လိမ့်မည်။ ဘယ်လိုပဲ လမ်းဗိုလ်၊ ခေါင်ချုပ် လောင်သာ့ ဖြစ်နေပါစေ၊ ကျန်းယွီသော်မှာ အသက်နှစ်ဆယ်စွန်းစွန်း ကောင်လေးတစ်ယောက်သာဖြစ်သည်။

ချန်ခေါ့ကလည်း ဤကဲ့သို့သော မေးခွန်းမျိုးကို ဘယ်လိုမှ သဘောမထားတတ်သူတစ်ယောက်ဖြစ်သည်။ သိသိသာသာ ဆိုးယုတ်သော ရည်ရွယ်ချက်ဖြင့်မေးလာခြင်းမဟုတ်သရွေ့ ချန်ခေါ့သည် အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ပြန်ဖြေလေ့ရှိသည်။ အထူးသဖြင့် ကျန်းယွီသော်ကဲ့သို့ ပွင့်ပွင့်လင်းလင်း တဲ့တိုးသမားများကိုဆိုလျှင် ပို၍တောင် မဖုံးကွယ်ချင်ပေ။

"အာ ... ... အဲဒီလိုမျိုးတွေလည်း ရှိတယ်လား"

ကျန်းယွီသော်က ချန်ခေါ့အားကြည့်ပြီး ခေါင်းတဆတ်ဆတ်နှင့် မယုံကြည်နိုင်စွာ ခပ်တိုးတိုးပြောလိုက်သည်။

"အရမ်းထူးဆန်းနေလို့လား"

ချန်ခေါ့လည်း အသံတိုးတိုးနှင့် ပြန်မေးလိုက်သည်။

ကျန်းယွီသော်က တွေးဆဆနှင့် လက်ကို ယမ်းလိုက်သည်။

"တကယ်တော့လည်း မထူးဆန်းပါဘူး။ ဒါတွေမပြောတော့ဘူး။ ဆက်ကစားမယ်"

ချန်ခေါ့က ကျန်းယွီသော်၏ ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။

"တော်ပါတော့ကွာ။ မင်းအဲဒီဝတ္ထုက ဒီအတိုင်းဆက်သွားရင် နောက်ပိုင်းကျ ငါတောင်ပါးစပ်ကနေ ပြောမထွက်နိုင်လောက်တော့ဘူး"

ကျန်းယွီသော်က ဖုန်းကို ပြန်ယူကာ တစ်ချက်ကြည့်လိုက်ပြန်သည်။

"လခွမ်းတဲ့မှ ကျွန်တော်လည်း ဆွဲရမှာအားနာတယ်"

ချန်ခေါ့ စကားပြန်ပြောမည်အလုပ်တွင် ကျန်းယွီသော်က လက်ညှိုးထောင်ပြလိုက်ပြီး ပြတင်းပေါက်ဘက်သို့ ခေါင်းကို တိမ်းကြည့်လိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now