အခန်း - ၂၁

924 126 11
                                    

Chapter ● 21 ●

ချန်ခေါ့သည် ဤကဲ့သို့ကောက်ညှင်းဆုပ်ကို တစ်ခုမှမစားဖူးသေးပေ။ အတိအကျပြောရလျှင် သူသည် မနက်စာဆိုင်များတွင်ရောင်းသော မည်သည့်ပုံသဏ္ဍာန်နှင့် ကောက်ညှင်းဆုပ်ကိုမဆို လုံးဝမစားဖူးပေ။

အောက်ခြေတွင် ကြာရွက်အသေးလေးတစ်ရွက်ကို အောက်ခံထားသော ကောက်ညှင်းဆုပ်က ဒီလောက် အရသာရှိနေသည်မှာ သူ့အတွက် အတော်အံ့သြစရာကောင်းနေသည်။

သို့သော် အရွယ်အစားက နည်းနည်းသေးသွားသည်။ အရှေ့ဂိတ်သို့သာရောက်သေးသည်၊ ကောက်ညှင်းဆုပ်က စား၍ကုန်သွားပြီဖြစ်သည်။

"ဒီကောက်ညှင်းလုံးက တစ်လုံးတစ်လုံးဘယ်လောက်ပေးရလဲ။ တော်တော် စားလို့ကောင်းတာပဲ"

"ခင်ဗျားပိုက်ဆံပေးဖို့လား။ တစ်လုံးကို ၁၀ ယွမ်"

"____ ပိုက်ဆံပေးဖို့ မဟုတ်ပါဘူး ..."

"အော် ... တစ်လုံး ၅ ယွမ်၊ အသားအတွက် တစ်ယွမ်ထပ်ပေါင်း၊ အားလုံးပေါင်း ၆ ယွမ်"

ကျန်းယွီသော်က ချန်ခေါ့အား တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"မင်းဈေးနှုန်းက ဘာလို့ နှစ်မျိုးဖြစ်နေတာလဲ"

ချန်ခေါ့က ကျန်းယွီသော်အား ကြည့်မေးလိုက်သည်။ သို့သော် ကျန်းယွီသော်က ဘာစကားမှမပြောဘဲ ရှေ့တည့်တည့်ကိုသာကြည့်ပြီး လျှောက်နေသည်။ ထို့နောက်မှ ချန်ခေါ့က သဘောပေါက်သွားသည်။

"ဘာလဲ။ ငါပိုက်ဆံပေးရင် မင်း ငါ့ဆီကနေ ၄ ယွမ် အမြတ်စားမလို့လား"

"မကျေနပ်ရင် ပြန်အန်ထုတ်"

ချန်ခေါ့က ကျန်းယွီသော်အား လက်မတစ်ချောင်း ထောင်ပြလိုက်သည်။

"အရမ်းကျေနပ်ပါတယ်"

တက္ကစီကားတစ်စီး မောင်းလာသည်ကိုမြင်သောအခါ ကျန်းယွီသော်က လက်ပြတားလိုက်သည်။

ကားက သူတို့ရှိရာသို့ ကပ်လာပြီး သူတို့နှင့် မီတာအနည်းငယ်ခန့်အကွာသို့ အရောက်တွင် အနောက်ဘက်မှ အသံတစ်သံ လွင့်ပျံလာသည်။

"တက္တစီဟ။ အတော်ပဲဟေ့ လခွမ်း"

ချန်ခေါ့တောင် သတိမထားမိသေးခင် ကြည့်လိုက်သည်နှင့် လမ်းသရဲများဖြစ်ပုံရသောလူတစ်အုပ်က ပြေးလာပြီး ကားတံခါးဆွဲဖွင့်ကာ တက်သွားကြသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now