အခန်း - ၂၂

961 122 5
                                    

Chapter ● 22 ●

ရွှီတင်းက ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

"feedback ကတော့ တော်တော်ကောင်းတယ်။ မင်း အခုချက်ချင်းပြန်တော့မှာလား၊ ခဏလောက် ထပ်နေလိုက်ဦးလေ။ ပြီးရင် တစ်ခုခု သွားစားကြမယ်"

"မစားတော့ဘူး။ အလုပ်ပြီးခါစဆိုတော့ ငါလည်း စားချင်စိတ်မရှိဘူး။ ပြီးတော့ ဒီဟာတွေကိုလည်း ငါနားမလည်နေဘူး"

"ဒါတွေက ဘာမှမဟုတ်ပါဘူးကွာ။ မင်းလယ်ဗယ်နဲ့ဆို အများကြီးနိမ့်ပါသေးတယ်"

ရွှီတင်းက ရယ်ရင်းဆိုသည်။

ချန်ခေါ့လည်း လိုက်ရယ်ဖြစ်သည်။

"မမြှောက်နေနဲ့ ဟေ့ရောင်"

"ခုနတုန်းက ... ..."

ရွှီတင်းက တုံ့ဆိုင်းသွားပြီးမှ -

"ရှောင်ယိ လာသွားတယ်"

ချန်ခေါ့က ကြောင်သွားပြီး မျက်ခုံးတွန့်ချိုးလိုက်ကာ

"ဒီပွဲအကြောင်း ငါဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး"

"သူသိနိုင်တာလည်း ပုံမှန်ပါပဲကွာ။ ဒီလောက် လူအများကြီး ဖိတ်ထားတာကို၊ အဓိကက ငါ သူ့ကို စောစောကြိုမသိစေချင်တာ ... ... ဒါပေမဲ့ သူတကယ်ကြီးရောက်ချလာမယ်လို့တော့ လုံးဝ မထင်ခဲ့ဘူး"

"သူ ဒီကို ဝင်လာသေးလား"

"မဝင်လာဖြစ်ဘူး။ အပြင်မှာပဲ ငါပိတ်လိုက်တာ"

ချန်ခေါ့က ရွှီတင်းအားကြည့်နေသည်။ တစ်ခဏအတွင်း သူသည် ဘာပြောရမှန်းမသိဖြစ်သွားသည်။ ချန်ယိ၏အကျင့်စရိုက်အရဆိုလျှင် ဘယ်လိုပဲ ကျွမ်းကျင်လိမ္မာပါးနပ်စွာ "ပိတ်ပင်" လိုက်နိုင်ဦးတော့၊ ချန်ယိအတွက် အစာမကြေဖြစ်စရာချည်းသာဖြစ်လိမ့်မည်။

"ကိစ္စမရှိပါဘူးကွာ။ ငါပြောဖူးတယ်မလား၊ မင်းတို့ပြဿနာကြားထဲ ငါဝင်မပါဘူးလို့။ ငါနဲ့ ရှောင်ယိလည်း အလုပ် အတူတူလုပ်စရာအကြောင်းမရှိဘူး။ အဲဒီတော့ မျက်နှာက ငါထောက်ချင်ရင် ထောက်မယ်၊ မထောက်ချင်ဘူးဆိုလည်း မထောက်ဘူး"

"မင်းဒီလောက်အထိ ဇွတ်တရွတ်နဲ့ ခေါင်းမာတတ်မှန်း အရင်တုန်းက ငါမသိခဲ့ဘူး"

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now