Chapter ● 48 ●
ကျန်းယွီသော်၏ ထိုစကားကိုကြားလိုက်ရပြီးနောက် ချန်ခေါ့သည် ကြောင်အ ငြိမ်သက်သွားတော့သည်။
ကျန်းယွီသော်၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုရှိနေသည်ဟု ချန်ခေါ့က အမြဲတမ်း သံသယဝင်နေခဲ့သည်။ သို့သော်လည်း ၎င်းမှာ သူ၏ ခန့်မှန်းချက်မျှသာဖြစ်ပြီး၊ သူ့စိတ်ထဲတွင်လည်း ၎င်းပြဿနာမှလွဲလျှင် အခြားဖြစ်နိုင်ခြေ နောက်တစ်ခု မရှိနိုင်တော့ဘူးဟု ထင်နေမိပြီးသားဖြစ်နေလျှင်တောင် တကယ်တမ်း ကျန်းယွီသော်၏စကားကို ကြားလိုက်ရသောအခါ ခေါင်းထဲတွင် ခေတ္တမျှ ဗလာကျင်းသွားသလို လွတ်ထွက်သွားခဲ့သည်။
မိမိ၏ ခန့်မှန်းချက်အတွက် မှန်ကန်တိကျသောအဖြေတစ်ခုကို ရရှိလိုက်၍တော့မဟုတ်ပေ။
အကြောင်းမှာ ... ... ကျန်းယွီသော်စကား၏ အဓိပ္ပါယ်မှာ ကျန်းယွီသော်က သူကိုယ်တိုင်၏ အခြေအနေအမှန်ကို မသိရှိနေခြင်း လုံးဝမဟုတ်သောကြောင့်သာဖြစ်သည်။
သို့သော် အကယ်၍ ကျန်းယွီသော်က သူ့အခြေအနေကိုသူ သိထားပြီးသားဖြစ်နေသည်ဆိုလျှင်၊ ယခင်က လူကိုအပြည့်အဝသိသာစေနိုင်သော သူ၏ အတွင်းစိတ်ထဲမှလာသည့် အကြောက်တရား၊ စိုးရိမ်မှု၊ ပူပန်ထိတ်လန့်မှုတို့က ... ...။
ချန်ခေါ့သည် ဖုန်းကိုဆုပ်ကိုင်ထားပြီး ပါးစပ်ဟနေလျက်သားနှင့် စက္ကန့်နှစ်ဆယ်ခန့် ငြိမ်သက်နေခဲ့ကာ စကားတစ်လုံးတောင် ပြောမထွက်နိုင် ဖြစ်နေသည်။ သူသည် ဘာတစ်ခုခုကို ပြောသင့်မှန်းမသိသလို၊ ဘယ်စကားတစ်ခွန်းကို ပြောပေးနိုင်သေးလဲဆိုသည်ကိုလည်း မသိနေခဲ့ပေ။
သူသည် ဘာကြောင့်လဲဆိုသည့်မေးခွန်းကိုရော၊ ဘယ်လိုနေလဲဆိုသည့်မေးခွန်းကိုပါ မမေးရဲနေပေ။
နောက်ဆုံးတွင် သူသည် ပါးစပ်ကိုသာ ပိတ်ထားကာ ဘာအသံမှ ထွက်မလာတော့ပေ။
"ကျွန်တော် မလာဖြစ်တာတောင် ကြာခဲ့ပြီ။ ဒီဟာတွေကို ကျွန်တော် တော်တော် သဘောမကျဘူး၊ အမြဲတန်း ဆန့်ကျင်နေတာ။ ကျွန်တော့်အမာရွတ်ကို လှစ်ဟပြီးတော့ ဓားနဲ့ တစ်ချက်ပြီးတစ်ချက်နဲ့ ထိုးစိုက်နေသလိုမျိုး ဖြစ်စေလို့"
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
General Fictionဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe