အခန်း - ၇၃

888 113 4
                                    

Chapter ● 73 ●

ကျန်းယွီသော်၏ထိုအနမ်းတစ်ချက်သည် အလွန်ဝတ်ကျေတမ်းကျေဆန်လှသည်။ ချန်ခေါ့နှုတ်ခမ်းပေါ်တွင် ဖတ်ခနဲထိကပ်လိုက်ပြီးနောက် ချက်ချင်းပြန်ခွာသွားသည်။ နောက်ဆုတ်လိုက်ချိန်တွင် ဦးခေါင်းက ကားအမိုးနှင့် တိုက်မိသွားသေးကာ ဒုန်းခနဲတစ်ချက်မြည်သွားသည်။ ထိုအသံကိုကြားရသော် ချန်ခေါ့မှာ ရယ်ချင်စိတ်လည်း ဖြစ်လာရသည်။

"သွားရအောင်"

ချန်ခေါ့ပြောလိုက်သည်။

ကျန်းယွီသော်က "အင်း" ဟုဆိုပြီးနောက် ကားရှေ့ကနေပတ်ပြီး ကားပေါ်သို့တက်လာသည်။

ချန်ခေါ့သည် ကားကိုကျောပေးရပ်နေလျက်ရှိသေးပြီး လမ်းဘေးတွင် လေးနက်စွာ ဆေးလိပ်သောက်နေကြသော ငတိသုံးယောက်ကို ကြည့်လိုက်သည်။

"ဒီသုံးကောင်ကို မခေါ်တော့ဘူးလား"

"သယ်ပြန်သွားပြီးတော့ တောင်းထဲထည့် မြစ်ထဲပစ်ချကြတာပေါ့"

ကျန်းယွီသော်က မျက်မှောင်ကြုတ်လျက်သားနှင့် ကားဟွန်းတစ်ချက်တီးလိုက်သည်။

ငတိသုံးယောက်က ထိုတော့မှ လှည့်လာပြီး ချန်ချင့်က စကားတစ်ခွန်းပြောလိုက်သေးသည်။ ပါးစပ်လှုပ်ရှာပုံအရ "မြန်သားပဲ" ဟု ပြောလိုက်ခြင်းဖြစ်သည်။

ချန်ခေါ့က မျက်လုံးထောင့်မှ ကျန်းယွီသော်အား တစ်ချက်စွေကြည့်လိုက်သည်။ ကျန်းယွီသော်မှာ မျက်နှာပူရှက်ရွံ့ခြင်းကြောင့်လား၊ သို့တည်းမဟုတ် အခြားအကြောင်းရင်းကြောင့်လားမသိ၊ အလွန် တည်ကြည်ဖြောင့်မတ်စွာ ထိုင်နေပြီး မျက်လုံးက ရှေ့တည့်တည့်ကို ကြည့်နေသည်။

ချန်ချင့်တို့တစ်သိုက် ကားပေါ်တက်လာပြီးနောက် ကျန်းယွီသော်သည် ထိုသူကောင်းသားများ အတည်တကျမထိုင်ရသေးမီပင် ကားကို မောင်းထွက်လိုက်သည်။

ချန်ချင့်က ငေးကြောင်သွားပြီးနောက် မေးလာသည်။

"ဘာဖြစ်လို့လဲ။ လိုက်ဖို့လား"

"ဘယ်သူ့ကို လိုက်ရမှာလဲ"

ကျန်းယွီသော်လည်း ကြောင်တောင်တောင်ဖြစ်သွားသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now