အခန်း - ၈၀

861 105 3
                                    

Chapter ● 80 ●

ကျန်းယွီသော်အိမ်၏ကော်ရစ်ဒါထဲမှ ထွက်လာသောအခါ ချန်ခေါ့သည် သူ့အဖေ၏ ကားကို သေချာစွာမြင်လိုက်ရသည်။ ကားသည် ရှေ့ရှိ လမ်းအကွေ့နားမှ သတင်းစာရောင်းဆိုင်နားတွင် ပါကင်ထိုးထားခြင်းဖြစ်သည်။

လူကို အသေးစိတ်မစဉ်းစားဝံ့စေသော ကျန်းယွီသော်ကြုံတွေ့ခဲ့ရသည့် ထို "လေ့ကျင့်မှု" များကြောင့် ကျန်းယွီသော်သည် အချို့သောကိစ္စများတွင် ပုံမှန်လူများထက် ပို၍သာလွန်ထက်မြက်နေသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ ကျန်းယွီသော်ပြောလိုသောသဘောမှာ ကားထဲတွင် အခြားလူများလည်း ပါသေးသည်။ သို့သော် ဒရိုင်ဘာဘေးခုံရှိ ဝေဝါးနေသောအရိပ်ကို ချန်ခေါ့က ယခုကြည့်လိုက်တာတောင် လူရိပ်ဟုတ်မဟုတ်ကို သေချာတပ်အပ်မပြောနိုင်ပေ... ....

သူသည် ကျန်းယွီသော်အိမ်၏ပြတင်းပေါက်ဘက်သို့ သမင်လည်ပြန်လှည့်ကြည့်လိုက်သည်။ သူရှိနေသောရှုထောင့်မှကြည့်လျှင် ပြတင်းပေါက်လိုက်ကာသည် ဆွဲပိတ်ထားသည်။ သို့သော် ကျန်းယွီသော်က ပြတင်းပေါက်လိုက်ကာနောက်မှနေပြီး မိမိအား ကြည့်နေမည်ကို ချန်ခေါ့က အတပ်သိသည်။

ခေါင်းပြန်လှည့်ပြီး ကားဆီသို့ဆက်သွားရန်အလုပ်တွင် လိုက်ကာအဟကြားထဲမှ လက်ချောင်းတစ်ချောင်းထွက်လာပြီး သူ့ဆီသို့ လှုပ်ယမ်းပြလာသည်။

ချန်ခေါ့က ပြုံးလိုက်ပြီး စိတ်ထဲတွင် နွေးထွေးမှုတစ်ခုက ဖြတ်ပြေးသွားသည်။

ယနေ့ ရာသီဥတုက သာယာနေသည်။ တိုက်ခတ်နေသောလေကလည်း ယခင်ကလောက် အရိုးခိုက်အောင် စူးရှပြင်းထန်စွာ တိုက်ခတ်မနေတော့ပေ။ ချန်ခေါ့သည် အင်္ကျီကော်လာကို တစ်ချက်ဆွဲလိုက်ပြီး သူ့အဖေ ကားရှိရာဆီသို့ လျှောက်သွားလိုက်သည်။

ကားနှင့် မီတာအနည်းငယ်ခန့် အကွာအဝေးသို့ရောက်လာမှသာ ချန်ခေါ့သည် ကားပေါ်တွင် အခြားလူလည်း ရှိနေသေးသည်ကို သေချာစွာ မြင်လိုက်ရသည်။ ဒရိုင်ဘာခုံတွင်ထိုင်နေသူမှာ ကားဆရာ လောင်ဟူဖြစ်သည်။ ထိုလူကို သူသိသည်။ ဒရိုင်ဘာဘေးခုံတွင် အခြားအမျိုးသားတစ်ယောက်ထိုင်နေကာ ထိုလူသည် သူ့အဖေ၏လက်ထောက်များထဲမှ တစ်ယောက်ဖြစ်သည်။ အမှန်တကယ်တွင် ထိုလူမှာ ကိုယ်ရံတော်ဖြစ်သည်။ သူတို့အမေက ကိုယ်ရံတော်ဟု တိုက်ရိုက်ခေါ်လျှင် အမင်္ဂလာဖြစ်သည်ဟုယူဆပြီး ဖီလာအားဖြင့် ပြဿနာများကို ခေါ်ဆောင်နေသည်ဟု ထင်နေသောကြောင့် ထိုလူများကို သူတို့အဖေ၏ လက်ထောက်များဟု အမြဲတမ်းခေါ်ဝေါ်ခဲ့ကြသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now